မနက်စာ စားတာက အရေးမကြီး ဘူးလို့ သင်ထင်မိရင် အမှားကြီးမှားနိုင် ပါတယ်။ မနက်စာစားဖို့ ကျန်းမာရေးစာ စောင်တွေမှာ နှိုးဆော်ထားတာကို သင် မြင်ဖူး၊ ကြားဖူးနေပေမယ့် အကြောင်းပြ ချက်မျိုးစုံနဲ့ မနက်စာမစားဖြစ်တဲ့ နေ့ တွေလည်း ရှိနိုင်ပါတယ်။ ဒါပေမဲ့ မနက်စာ စားခဲ့တဲ့နေ့နဲ့ မစားတဲ့နေ့မှာ သိသိသာသာ အကျိုးသက်ရောက်မှု ရှိနေ တာကိုတော့ သင်သတိထားမိမှာပါ။
မနက်စာ စားတာက သင့်တစ်နေ့ တာအတွက် စွမ်းအင်တွေ ပြည့်ဝစေမယ်၊ ၀ိတ်ကျစေမယ်၊ အာရုံစူးစိုက်မှု အား ကောင်းစေမယ်၊ ခန္ဓာကိုယ်တွင်း ဇီဝဖြစ် ပျက်မှုကို မြန်စေမယ် စတဲ့ ကောင်းကျိုး တွေအများကြီး ပေးနိုင်ပါတယ်။ အသက် ရှည်ရှည်နေရဖို့ဆိုရင် မနက်စာစားဖို့က အရေးကြီးတဲ့အချက် ဖြစ်ပါတယ်။ မနက်စာမှာ အာဟာရပြည့်ဝအောင် ရှင်ဘုရင်လိုစားရပါမယ်။ နေ့လယ်စာမှာ အသင့်အတင့်လောက်စားပြီး ညစာကို လျှော့စားဖို့လိုပါတယ်။
သုတေသီတွေရဲ့ လေ့လာချက်အရ မနက်စာ စားတာက ဆီးချိုသွေးချိုရောဂါ၊ နှလုံးရောဂါ ဖြစ်နိုင်ခြေကို လျော့နည်း စေတဲ့အပြင် မှတ်ဉာဏ်ကောင်းစေပြီး ကိုယ်အလေးချိန်ကိုလည်းကျစေပါ တယ်။
♦ မနက်အိပ်ရာထပြီး နှစ်နာရီကနေ သုံးနာရီအတွင်း စားမှ နံနက်စာစားတာရဲ့ ကောင်းကျိုးတွေကို ရမှာဖြစ်ပါတယ်။
♦ ကျန်းမာရေးအတွက် အထောက် အကူပြုတဲ့ အမျှင်ဓာတ်၊ ပရိုတင်း၊ ဗီတာမင်နဲ့ သတ္တုဓာတ်ပြည့်ဝတဲ့ အစား အစာကို မနက်စာမှာ ပါဝင်အောင် စားပေးပါ။
♦ မနက်စာကို ပြည့်ပြည့်၀၀ စားထား ရင် နေ့လယ်စာနဲ့ ညစာတွေမှာ အလွန် အကျွံမစားမိစေတဲ့အတွက် ကယ်လိုရီ တွေ မတက်စေတော့ပါဘူး။
♦ ကိုယ်ခံအားစနစ်ကိုလည်း ကောင်း စေတာမို့ အအေးမိ ဖျားနာတာတွေလည်း အလွယ်တကူ မဖြစ်နိုင်စေပါဘူး။
♦ ဦးနှောက်က လိုအပ်တဲ့ အာဟာရ ရရှိတဲ့အတွက် တစ်နေ့တာ လုပ်ငန်း ဆောင်တာတွေမှာလည်း ပိုမိုအာရုံစိုက် နိုင်ပြီး စွမ်းဆောင်ရည် မြင့်မားစေနိုင် ပါတယ်။
◘ ဂျူးငယ် (ဆေးဝါးတက္ကသိုလ်)