အားကစားကို အရမ်းနှစ်သက်ပြီး စွဲစွဲလမ်းလမ်းကစားထားမှ နည်းပြလုပ်လို့ရမယ်ဆိုတဲ့ အားကစားနည်းပြ ဦးမောင်မောင်ကြည်နှင့် တွေ့ဆုံခြင်း

ကျန်းမာခြင်းသည် လာဘ်ကြီး တစ်ပါးလို့ ဆိုကြပါတယ်။ ကျန်းမာနေမှလည်း စိတ်သွားတိုင်း ကိုယ်ပါနိုင်မှာပါ။ ယနေ့ခေတ်မှာ ကျန်းမာရေး ကောင်းတဲ့ ဘဝကို ပိုင်ဆိုင်နိုင်ဖို့ ဘက်ပေါင်းစုံက ကြိုးစားလာကြတာ တွေ့ရပါတယ်။ ဒီထဲမှာ အားကစားလုပ်တာက ကျန်းမာတဲ့ Lifestyle အတွက် မရှိမဖြစ် အရေးပါတဲ့ ကဏ္ဍတစ်ခုဖြစ်ပါတယ်။ ဒီအတွက် အားကစားကို ဝါသနာပါတဲ့ စာဖတ်ပရိသတ်တွေ ဗဟုသုတ တိုးပွားစေဖို့ ရည်ရွယ်ပြီး အားကစားနည်းပြများ၏ ဘဝနှင့် အတွေ့အကြုံများကို တွေ့ဆုံမေးမြန်းပြီး ပြန်လည်မျှဝေပေးလိုက်ပါတယ်။ ♣ Profile ♣ Name: Mr. Maung Maung Kyi Gym: Balance Fitness Age: 45 years Height: 5′ 4″ Weight: 60 kg ♣ အားကစားကို […]

အားကစားလုပ်နေတာက ရပ်လိုက်ရင် ဝလာမှာလား

အကြောင်းအမျိုးမျိုးကြောင့် လူတိုင်းဟာ တစ်ချိန်မဟုတ် တစ်ချိန်မှာ အားကစားပုံမှန်လုပ်နေရာကနေ နားလိုက်ရတာလည်း ရှိနိုင်ပါတယ်။ ဒီလို နားလိုက်တဲ့အခါ ဘာတွေဖြစ်လာနိုင်လဲဆိုတော့ – + အားကစားလုပ်နေကျသူတွေမှာ ခန္ဓာကိုယ်တွင်း ဇီဝကမ္မဖြစ်စဉ်တွေက မြန်နေမှာဖြစ်ပြီး ကယ်လိုရီလောင်ကျွမ်းတာကလည်း ပုံမှန်ထက်ကို မြန်ပါမယ်။ အားကစားလုပ်တာ ရပ်လိုက်တဲ့အခါမှာတော့ တဖြည်းဖြည်းနဲ့ ပြန်နှေးသွားပါလိမ့်မယ်။ နောက်ပြီး အစားကိုလည်း အားကစားလုပ်နေတုန်းက ပမာဏ အတိုင်း စားနေမယ်ဆိုရင် ပိုလာတဲ့ ကယ်လိုရီတွေကနေ ဝိတ်တက်လာစေပါမယ်။ + ဝတဲ့သူတွေဟာ အားကစားလုပ်တုန်း ပိန်သွားတာက အဆီဆဲလ်တွေ ကျုံ့သွားတာဖြစ်ပြီး အဆီဆဲလ်အရေအတွက်ကလျော့သွားတာ မဟုတ်ပါဘူး။ ဒါကြောင့် ဖြုန်းတဲ့ကယ်လိုရီထက် စားတဲ့ကယ်လိုရီက ပိုများတဲ့အခါ အရင်ရှိပြီးသား အဆီဆဲလ်တွေထဲ ပြန်ပြည့်သွားမယ်၊ ဒီထက်ပိုဆိုးရင် အဆီဆဲလ် အသစ်တွေ ထပ်ပွားလာပါမယ်။ + အဆီဆဲလ်အရေအတွက်ကို လျော့ချဖို့ဆိုတာက မလွယ်ပါဘူး။ […]