အားကစားလုပ်ရင် ဒါတွေကို မမေ့ပါနဲ့

လူအတော်များများက ၀ိတ်ကျချင် လို့ဖြစ်ဖြစ်၊ ခန္ဓာကိုယ်ပြည့်ချင်လို့ဖြစ်ဖြစ်၊ ကျန်းမာရေးကောင်းဖို့အတွက်ဖြစ်ဖြစ် အားကစားလုပ်တဲ့အခါ စိတ်အားတက် ကြွနေတုန်းတော့ ကစားလိုက်၊ စိတ်မပါ ရင်နားလိုက် ဖြစ်နေတတ်ပါတယ်။ အား ကစားလုပ်တဲ့လူတိုင်းမှာ ရည်ရွယ်ချက် တစ်ခုက အမြဲရှိတတ်ပါတယ်။ ဒါကြောင့် ရည်မှန်းထားတဲ့ပန်းတိုင်ရောက်ဖို့ အဓိက လိုအပ်ချက်က Consistency လို့ခေါ် တဲ့ မပျက်မကွက် အားထုတ်ကြိုးပမ်းမှု ဖြစ်ပါတယ်။ ဒီတစ်ပတ်မှာတော့ အားက စားကို မပျက်မကွက် အားထုတ်လေ့ ကျင့်နိုင်ဖို့ အထောက်အကူပြုစေမယ့် အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) အစီအစဉ်အရင်ရေးဆွဲပါ
ဒါက အားကစားကို ဘယ်နေရာမှာ လုပ်မယ်၊ အားကစားလုပ်ဖို့ အင်္ကျီတွေ သွားဝယ်မယ်၊ နည်းပြတော်တဲ့နေရာမှာ ကစားမယ် စတာတွေကို ပြောတာ မ ဟုတ်သေးပါဘူး။ သင်ပုံမှန် ကစားနိုင် မယ့်အချိန်၊ ပုံမှန် သွားနိုင်မယ့်နေရာနဲ့ သင်အားကစားအတွက် ပေးနိုင်မယ့် အ ချိန်အကန့်အသတ်ကို စဉ်းစားရမှာပါ။

(၂) စွမ်းဆောင်နိုင်ရည်ကိုသိပါ
သင်ရဲ့ အားကစားလုပ်နိုင်တဲ့ စွမ်း ရည် Stamina ကို သိဖို့လိုပါတယ်။ အား ကစားအတော်များများက ခန္ဓာကိုယ် ပိုပြီး ကြံ့ခိုင်လာစေတာမှန်ပေမယ့် အစ ပိုင်းမှာ သင်လုပ်နိုင်တာထက်ပိုပြီး ခန္ဓာ ကိုယ်အပေါ် ဖိအားပေးခိုင်းတာမျိုး မ လုပ်ပါနဲ့။ အရမ်းပင်ပန်းလာတဲ့အခါ အား ကစားမလုပ်ချင်တော့တာမျိုး ဖြစ်လာ တတ်ပါတယ်။ တဖြည်းဖြည်းနဲ့ တိုးတိုး ပြီးကစားသွားပါ။

(၃) ရက်ခွဲပြီးကစားပါ
ဒါက သင့်စိတ်ကို အပြောင်းအလဲ ဖြစ်စေဖို့ပါ။ နေ့တိုင်းဆင်တူ အားကစား လုပ်နည်းတွေချည်းပဲ ကစားမယ်ဆိုရင် ငြီးငွေ့လာစေပါတယ်။ တချို့က ခန္ဓာ ကိုယ်တစ်ကိုယ်လုံးမျှပြီး တစ်ပတ်၂ – ၄ ရက် ကစားတာရှိတယ်၊ တချို့က ခန္ဓာ ကိုယ် ကြွက်သားတွေခွဲပြီး ကစားတာ၊ အပေါ်ပိုင်း၊ အောက်ပိုင်း ခွဲပြီး ကစားတာ စသဖြင့် ရှိပါတယ်။ လုပ်ရိုးလုပ်စဉ်အ တိုင်း ကစားတာကြာလာရင် ကြွက်သား တွေက tolerance ရပြီး ဘာမှမတိုး တက်လာတာမျိုး ဖြစ်တတ်ပါတယ်။ ကြွက်သားတစ်နေရာတည်းမှာပဲ တာ ရှည်ဒဏ်ရလာပြီး ပြန်ကောင်းဖို့လုံ လောက်တဲ့အချိန်မပေးရင် သန်မာလာ မှာ မဟုတ်ပါဘူး။ ဒါကြောင့် မတူတဲ့ လေ့ ကျင့်ခန်းအသစ်ပုံစံတွေနဲ့ အပြောင်း အလဲဖြစ်အောင် ကစားပါ။

(၄) ရေသောက်ဖို့ မမေ့ပါနဲ့
အားကစားလုပ်တဲ့အခါ ရေဓာတ် ပြည့်ဝနေဖို့ကလည်း အရေးကြီးတဲ့အ ချက်ဖြစ်ပါတယ်။ ရေဓာတ်ပြည့်ဝနေမှ ခန္ဓာကိုယ်တွင်း ဇီဝကမ္မဖြစ်စဉ်တွေ ကောင်းကောင်းအလုပ်လုပ်နိုင်ပြီး အား ကစားကိုလည်း ထိရောက်စေမှာပါ။ အား ကစားအပြင်းအထန် လုပ်တဲ့သူဆိုရင် နာရီဝက်တစ်ခါ ရေနည်းနည်းစီသောက် ပေးပါ။ မကစားခင်နဲ့ ကစားပြီးမှာလည်း ရေသောက်ဖို့ မမေ့ပါနဲ့။

(၅) အကြောလျှော့ပါ
အားကစားလုပ်မယ်ဆိုရင် အကြော လျှော့ဖို့သိကြပေမယ့် မေ့နေတတ်ပါ တယ်။ အားကစားမလုပ်ခင်မှာလည်း warm up လုပ်ပြီး အကြောလျှော့ပါ။ အားကစားလုပ်အပြီးမှာလည်း stretch လုပ်ပြီး အကြောလျှော့ပါ။ အကြောလျှော့ ပေးတာက သွေးလည်ပတ်မှုကောင်းစေ ပြီး ကြွက်သားတွေ injury ရမှုကနေ လည်း ကာကွယ်ပေးနိုင်ပါတယ်။

◘ ထူးဒါလီကိုကို (MPharm)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *