အာလူးကို အလှအပအတွက် ဘယ်လိုသုံးမလဲ

ဈေးသွားတဲ့အခါ ဈေးနှုန်း သက် သက်သာသာနဲ့ ၀ယ်ယူနိုင်ပြီး အလွယ်တ ကူ အသုံးပြုနိုင်တဲ့ အာလူးကို အလှအပ အတွက် ဘယ်လိုအသုံးပြုမလဲ ဆိုတာ ရေးသားလိုက်ပါတယ်။

မျက်ကွင်းညိုတာကိုကာကွယ်ပေးတယ်
မျက်ကွင်းညိုတာအတွက် အာလူး ကိုခြမ်းပြီး မျက်ကွင်းတစ်ဝိုက် ပွတ်လိမ်း ပေးတာ ဒါမှမဟုတ်အရည်ညှစ်ပြီး ဂွမ်းစ နဲ့တို့လိမ်းပေးတာတွေ ပြုလုပ်နိုင်ပါ တယ်။ အာလူးကိုအခွံနွှာပြီး အတုံးလေး တွေတုံးပါ။ လက်ကိုင်ပ၀ါနဲ့ ထုပ်ပြီး မျက်လုံးပေါ်မှာ ၁၅-၂၀ မိနစ်ကြာ တင် ထားပေးပါ။ ပြီးနောက် ကြက်သီးနွေးရေနဲ့ သန့်စင်ပါ။

အရေးကြောင်းတွေကင်းစင်စေတယ်
အာလူးမှာ သက်ရွယ်အိုမင်းမှုကို တိုက်ဖျက်ပေးနိုင်တဲ့ အစွမ်းထက် အာနိ သင်တွေ များစွာပါဝင်ပါတယ်။ အာလူးအ ရည်ကို အရေပြားပေါ် နေ့စဉ် လိမ်းပေးပါ က အသားအရေ ပျော့ပျောင်းနူးညံ့စေပြီး အရေးကြောင်းတွေ ကင်းစင်စေပါတယ်။

အမည်းစက်များ ကုသနိုင်တယ်
မျက်နှာပေါ်က အမည်းစက်တွေ အ ရောင်ဖျော့သွားစေဖို့ အာလူးကို အခွံနွှာ ပြီးကြိတ်စက်ထဲထည့်ကြိတ်ပါ။ ပြီးနောက် သန့်စင်ထားတဲ့ မျက်နှာပေါ် ပွတ်လိမ်း ပေးပါ။ ၅ မိနစ်လောက်ထားပြီးမှ ရေနဲ့ သန့်စင်ပေးပါ။

အမာရွတ်များကို ဖယ်ရှားနိုင်တယ်
မျက်နှာပေါ်က အမာရွတ်တွေကို ဖယ်ရှားဖို့ အာလူးကိုအရည်ညှစ်ပြီး ရေခဲ သေတ္တာထဲ ထည့်ထားပါ။ အေးနေတဲ့ အာလူးအရည်နဲ့ မျက်နှာသစ်ပေးပါ။ မျက်နှာပေါ်က အမာရွတ်တွေကိုဖယ်ရှား ပေးလို့ ကြည်လင်လှပလာစေပါတယ်။

နေလောင်ဒဏ်ရာများကို ကုသနိုင်တယ်
အာလူးကိုပါးပါးလှီးပြီး ရေခဲ သေတ္တာထဲ ထည့်ထားပါ။ အသုံးပြုခါနီးမှ ရေခဲသေတ္တာထဲကထုတ်ယူပြီးနေလောင် ထားတဲ့ အရေပြားပေါ် ပွတ်ပေးပါ။ အေး မြပြီး အသားအရေ နူးညံ့စေကာ နေ လောင်ဒဏ်ရာတွေကို သက်သာပျောက် ကင်းစေပါတယ်။

အသားအရေ ဖြူဝင်းစေတယ်
အာလူးမှာ အသားအရေ ဖြူဝင်းစေ တဲ့ သဘာဝအာနိသင်ရှိပါတယ်။ အာလူး အစိမ်းကို ကြိတ်ခြေပြီး မျက်နှာပေါ် လိမ်းကာ ပေါင်းတင်ပေးပါ။ မိနစ် ၃၀ ထားပြီးမှ ရေနဲ့ သန့်စင်ဆေးကြောပါ။ ပုံမှန်ပြုလုပ်ပေးပါက အသားအရေရောင် ရမ်းမှုကိုလျော့နည်းစေပြီး နူးညံ့မှု၊ ကြည် လင်မှု၊ တောက်ပမှုတွေ ရရှိစေပါတယ်။

အသားအရေ ခြောက်သွေ့မှုကို လျော့နည်း စေတယ်
အသားအရေ ခြောက်သွေ့သူတွေ မှာ နူးညံ့စိုပြည်စေဖို့ အာလူးအစိမ်းကို ကြိတ်ခြေပြီး မျက်နှာပေါ်လိမ်းပေးပါ။ မိနစ် ၂၀ ထားပြီးမှ ရေနဲ့ သန့်စင်ပေးပါ။ ရေဓာတ်ဖြည့်ပေးတာကြောင့် အသားအ ရေ စိုပြည်လှပစေပါတယ်။

ဆဲလ်သေတွေကို ဖယ်ရှားပေးတယ်
မျက်နှာပေါ်က ဆဲလ်သေတွေကို အာလူးအသုံးပြုပြီး ဖယ်ရှားနိုင်ပါတယ်။ ကြိတ်ခြေထားတဲ့ အာလူးကို မျက်နှာပြင် အနှံ့ ၁၀ မိနစ်ကြာ လိမ်းထားပြီးမှ ရေနဲ့ သန့်စင်ဆေးကြောပါ။ ပုံမှန်ပြုလုပ်ပေးပါ က ဆဲလ်အသစ်ဖြစ်ပေါ်မှုကို အားပေးလို့ အသားအရေ နုပျိုလှပစေပါတယ်။

သဘာဝသန့်စင်ပစ္စည်းအဖြစ်ဆောင်ရွက် ပေးတယ်
အာလူးနဲ့ သခွားသီးကို အရွယ်တူ ပိုင်းဖြတ်ပြီးအတူရောကြိတ်ခြေပါ။ ရလာ တဲ့အရောကို မုန့်ဖုတ်ဆော်ဒါ လက်ဖက် စားဇွန်းတစ်ဇွန်းနဲ့ ရေအနည်းငယ် ထည့် မွှေပါ။ ပြီးနောက် မျက်နှာပြင်ပေါ်လိမ်းပြီး ၁၅ မိနစ်ထားပါ။ ကြက်သီးနွေးရေနဲ့ သန့် စင်ပေးပါက အသားအရေ သန့်စင်ပြီး တောက်ပကြည်လင်တဲ့ ခံစားမှုကို ရရှိစေ ပါတယ်။

မျက်အိတ်ရောင်ခြင်းကိုသက်သာစေတယ်
မျက်ဝန်းတစ်ဝိုက် ဖောင်းအစ်နေပါ ကအာလူးနဲ့ သခွားသီးကို ဆတူရော ကြိတ်ပြီး အရည်ညှစ်ယူပါ။ ရလာတဲ့ အရည်ကို ဂွမ်းစနဲ့ တို့ယူပြီး လိမ်းပေးပါ။ မိနစ် ၃၀ ထားပြီးနောက် ရေအေးနဲ့ သန့် စင်ပေးပါ။ အသားအရေ ဖြူဝင်းစေပြီး မျက်အိတ်ရောင်တာကို သက်သာစေပါ တယ်။

ဆံပင်ဖြူတာကို နဂိုအရောင် ပြန်ဖြစ်စေ တယ်
အာလူးကို ဒယ်အိုးတစ်လုံးထဲထည့် ကာ အဖုံးပိတ်ပြီး ပြုတ်ပါ။ ရေအရောင် ပြောင်းလဲလာပါက မီးဖိုပေါ်ကချပြီး အ အေးခံပါ။ အဆိုပါရေကို ခေါင်းလျှော်ပြီး နောက် ဆံသားအနှံ့လောင်းပေးပါ။ ဆံ ပင်အရောင်ကို နဂိုဆံသားအရောင်အ တိုင်း နက်မှောင်လှပစေပါတယ်။ နေ့စဉ် ပြုလုပ်ပေးပါက ဆံပင်အရောင် နက် မှောင်လှပစေပါတယ်။

ဆံသားကျန်းမာစေတယ်
အာလူးမှာပါဝင်တဲ့ ဒြပ်ပေါင်းတွေ က ဆံသားကျန်းမာစေဖို့ များစွာ အ ထောက်အကူပြုပါတယ်။ အာလူးအစိမ်း ကို ကြိတ်ခြေပြီး အရည်ညှစ်ယူပါ။ ရလာ တဲ့အရည်ကို ရေအနည်းငယ်၊ ကြက်ဥ တစ်လုံး၊ သံပရာရည် သုံးစက်၊ ဒိန်ချဉ် အနည်းငယ်တို့နဲ့ သမအောင် ရောမွှေပါ။ ရလာတဲ့အရောကိုဦးရေပြားအနှံ့ လိမ်းပြီး မိနစ် ၂၀-၂၅ ထားပါ။ ပြီးနောက် လျှော် နေကျခေါင်းလျှော်ရည်နဲ့ ခေါင်းလျှော် ပေးပါ။ ကျန်းမာပြီး တောက်ပြောင်လှပတဲ့ ဆံသားကို ရရှိစေပါတယ်။

ဆံပင်ကျွတ်တာကို သက်သာစေတယ်
အာလူးကို အခွံနွှာ၊ ကြိတ်ခြေပြီး အ ရည်ညှစ်ယူပါ။ ရလာတဲ့ အာလူးအရည် ထမင်းစားဇွန်းနှစ်ဇွန်းကို ရှားစောင်းလက် ပပ်နဲ့ ဆတူရောပြီး ပျားရည်တစ်ဇွန်းထည့် ကာ ရောမွှေပါ။ ဦးရေပြားပေါ် လိမ်းပေး ပြီး ညင်သာစွာ နှိပ်နယ်ပေးပါ။ ခေါင်းစွပ် စွပ်ထားပြီး ၂ နာရီ လောက်ထားပါ။ ပြီး နောက် ခေါင်းလျှော်ရည် အပျော့စားနဲ့ လျှော်ပါ။ တစ်ပတ်နှစ်ကြိမ်ပြုလုပ်ပေးပါ။

◘ ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *