ကိုလက်စထရောတက်စေတဲ့ အစာတွေကို ရှောင်ရှားရအောင်

ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေ လုပ်ဆောင်ဖို့ ကို လက်စထရော အနည်းငယ် လိုအပ်ပါတယ်။ ဒါပေမဲ့ အများစုက ပြည့်ဝဆီတွေနဲ့ ကိုလက်စထရောများစေတဲ့ အစာတွေကို များ ပြားစွာ စားသုံးနေကြတာကြောင့်သွေးတွင်းမကောင်းတဲ့ ကိုလက် စထရောတွေ များလာပါတယ်။ အဲဒီမကောင်းတဲ့ ကိုလက်စထ ရောတွေက သွေးကြောထဲမှာစုပုံပြီး အဆီခဲဖတ်ဖြစ်ပေါ်လာတဲ့ အခါ နှလုံးနဲ့သွေးကြောရောဂါတွေ ဖြစ်ပွားစေပါတယ်။


ကော်ဖီ
မနက်စာမှာ သကြား နဲ့ မလိုင်အပြည့်ပါတဲ့ ကော်ဖီတစ်ခွက်သောက် တာက သွေးတွင်းမကောင်း တဲ့ ကိုလက်စထရောကို တိုးစေပါတယ်။

ထိုင်းအစားအစာ
ထိုင်းအစားအစာတွေက အစပ်ကဲပြီး အရသာရှိလို့ မြန်မာ တွေ ကြိုက်နှစ်သက်စွာ စားသုံး ကြပါတယ်။ ဒါပေမဲ့ ထိုင်း အစား အစာတွေမှာ အုန်းနို့ထည့်ချက် တာကြောင့် မပြည့်ဝဆီတွေ များ နေလို့ သွေးတွင်း ကိုလက်စထ ရော များစေပါတယ်။

မာဂျရင်း
ထောပတ်နဲ့ မာဂျရင်းတွေ ၀ယ်ယူတဲ့အခါ အာဟာရညွှန်း ကိန်းကို သေချာဖတ်ကြည့်ပြီးမှ ၀ယ်ယူဖို့ လိုပါတယ်။ မပြည့်ဝဆီ တွေပါဝင်လို့ သွေးတွင်းမကောင်း တဲ့ ကိုလက်စထရောကို များစေ နိုင်တာကြောင့်ပါ။

ပုစွန်ဆိတ်
ပင်လယ်စာက သွေးတွင်း ကိုလက်စထရော ပုံမှန်ဖြစ်အောင် ထိန်းနေသူတွေအတွက် စားသင့် တဲ့အစာဖြစ်ပေမယ့် ပုစွန်ဆိတ် ကတော့ ခြွင်းချက်ပါ။ ပုစွန်ဆိတ် ကို ဆီမထည့်ဘဲ ချက်ပြုတ်ရင်တောင် ပုစွန်ဆိတ်တစ်ခွက်စာကနေ ကို လက်စထရော ၁၉၀ မီလီဂရမ် ရရှိနိုင်ပါတယ်။ အမေရိကန် နှလုံးအဖွဲ့ အစည်းက နှလုံးရောဂါရှိသူ ဒါမှမဟုတ် သွေးတွင်းကိုလက်စထရော များနေသူတွေအနေနဲ့ တစ်နေ့ကို ကိုလက်စထရော ၃၀၀ ဒါမှမဟုတ် ၂၀၀ မီလီဂရမ်ထက် ပိုမစားသင့်ဘူးလို့ ထုတ်ပြန်ထားပါတယ်။

နို့ထွက်ပစ္စည်းအချို့
နွားနို့သောက်ပေးတာက ခန္ဓာကိုယ် မှာ အရိုးနဲ့သွားတွေ ခိုင်မာဖို့အတွက် လိုအပ်တဲ့ ကယ်လ်စီယမ်နဲ့ ဗီတာမင် D တွေကို ရရှိစေပါတယ်။ ၀ယ်ယူတဲ့အခါ အဆီမပါဝင်တာ၊ အဆီနည်းတာ စတဲ့ အညွှန်းတပ်ထားတဲ့ နို့နဲ့နို့ထွက်ပစ္စည်း တွေကိုသာ ၀ယ်ယူဖို့လိုပါတယ်။

ဝမ်းတွင်းသား
စားသောက်ဆိုင်တွေမှာ တိရစ္ဆာန်တွေ ရဲ့ နှာဖျားကနေ အမြီးအထိ စားချင့်စဖွယ် ပြင် ဆင်ပြီး ချက်ပြုတ်ရောင်းချကြပါတယ်။ အသည်း၊ ကျောက်ကပ်နဲ့ အူတွေမှာ တခြားနေရာတွေ ထက် ကိုလက်စထရော ပိုမိုပါရှိပါတယ်။ အမဲ သားရဲ့ အသည်းကနေ သံဓာတ်ကိုရရှိနိုင်ပြီး တခြားဝမ်းတွင်းသားတွေကနေတော့ သံဓာတ်ကို ရရှိနိုင်မှာ မဟုတ်ပါဘူး။

ဘဲကင်
ကြက်သားနဲ့ ကြက်ဆင်သားတွေက ကို လက်စထရော ပါဝင်မှုနည်းလို့ စားသုံးဖို့ သင့် တော်ပေမယ့် ဘဲသားကိုတော့ စားသုံးလို့ မသင့် ပါဘူး။ ဘဲသားနဲ့ ဘဲငန်းသားတွေမှာ ကြက် သားနဲ့ ကြက်ဆင်သားတွေထက် ကိုလက်စထ ရောပါဝင်မှု ပိုများပါတယ်။ ဘဲသားနဲ့ ဘဲငန်း သားတွေကို အရေခွံဖယ်ပြီး စားသုံးတာတောင် ခွက်တစ်ခွက်စာ စားသုံးပါက ကိုလက်စထရော ၁၂၈ မီလီဂရမ် ရရှိပါတယ်။ အဲ့ဒီ ပမာဏအတိုင်း ကြက်သားကို စားသုံးပါက ကိုလက်စထရော ၁၁၃ မီလီဂရမ်နဲ့ ကြက်ဆင်သားကနေ ကို လက်စထရော ၉၈ မီလီဂရမ် ရရှိပါတယ်။

ချိစ်ဘာဂါ
ချိစ်ဘာဂါကို အမေရိကန်နိုင်ငံ မှာ နေ့လယ်စာအဖြစ် ကြိုက်နှစ်သက် စွာ ၀ယ်ယူစားသုံးလေ့ ရှိကြပါတယ်။ ၀ယ်ယူတဲ့ ဆိုင်ပေါ်မူတည်ပြီး ကို လက်စထရောများစွာ ရရှိနိုင်ပါတယ်။ တချို့ဆိုင်တွေက ပြုလုပ်တဲ့ ချိစ်ဘာ ဂါမှာ မပြည့်ဝဆီနဲ့ ကိုလက်စထရော ပါဝင်မှုများပါတယ်။

◘ ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal

Leave a Reply

Your email address will not be published.