Valentine’s Day မှာ ချစ်သူ ဒါမှမဟုတ် အိမ်ထောင်ဖက်နဲ့ အတူဆင်နွှဲနိုင်တာတွေထဲက အစားအစာနဲ့ပတ်သက်ပြီးအကြံပြုလိုပါတယ်။

ဆူရှီ ကိုယ်တိုင်ပြုလုပ်ပေးပါ
ချစ်သူအတွက် ဆူရှီကို ကျန်းမာရေးနဲ့ ညီညွတ်အောင် လုပ်ပေးနိုင်ပါတယ်။ ဆူရှီ ကြိုက်တဲ့ ချစ်သူတွေအတွက်တော့ အရမ်း အရသာရှိမှာ အသေအချာပါပဲ။ ကျန်းမာရေး နဲ့ညီညွတ်အောင် ဆူညီလိပ်မယ့်ထမင်းကို ဆန်လုံးညိုနဲ့ပြုလုပ်ပြီး အထဲမှာ မုန်လာဥနီ၊ ကြက်ဥကြော်နဲ့ပြုလုပ်ကာ ရေညှိစိမ်းဖက်နဲ့ ကပ်ပြီး လိပ်လိုက်ပါ။ ကျန်းမာရေးနဲ့ညီညွတ် တဲ့ ဆူရှီဖန်တီးပြီး ကိုယ်ချစ်တဲ့သူကို အမြတ် တနိုးကျွေးနိုင်ပါတယ်။
ချစ်သူနဲ့အတူ ဈေးထွက်ဝယ်ပါ
ကိုယ်ချစ်တဲ့သူနဲ့အတူ ဈေးထွက်ဝယ် ပြီး အတူချက်စားကြမယ်ဆိုတာမျိုးဟာ Valentine’s Day အတွက် လက်ဆောင်တစ်ခုလို့တောင် သတ်မှတ်လို့ရပါတယ်။ နှစ်ယောက် အတူဈေးဝယ်ထွက်ပြီး အတူချက် ပြုတ်စားသောက်တာက စိတ်ဖိစီးမှုတွေကိုလျော့ပါးစေပြီး နှစ်ဦးကြားက ဆက်ဆံရေးကို ပိုမိုခိုင်မြဲစေနိုင်ပါတယ်။
ထမင်းဘူးပြင်ဆင်ပေးပါ
ဒါကတော့ အလုပ်များတဲ့သူတွေအတွက်ပါ။ ဒီနှစ်အတွက် Valentine’s Day က အလုပ်ပိတ်ရက်မဖြစ်တာကြောင့် လုပ်ငန်းခွင်ဝင်ရတဲ့ ချစ်သူအတွက် ကိုယ့်လက်ရာ နေ့လယ်စာထမင်းဘူးလေး ပြင်ဆင်ပေးလို့ရပါတယ်။ ချစ်သူကို ကျန်းမာရေးနဲ့ညီညွတ်တဲ့ ဟင်းသီးဟင်းရွက်၊ ပဲတစ်မျိုးမျိုးနဲ့ ငါးတွေကို နေ့လယ်စာအဖြစ် ပြင်ဆင်ပေး လိုက်တာ၊ နေ့လယ်စာအတူစားဖို့ အခွင့်အရေးရှိသူတွေဆိုရင်တော့ အလုပ်နဲ့နီးတဲ့ ဆိုင်တစ်ဆိုင်ဆိုင်မှာ ချိန်းပြီး နေ့လယ်စာ အတူစားတာတွေ ပြုလုပ်နိုင်ပါတယ်။
ညစာအတူစားပါ
မနက်ခင်းမှာ အတူဆုံချိန်မရနိုင်တဲ့ ချစ်သူတွေအတွက် Valentine’s Day မကုန်ဆုံးခင်မှာ အတူဆုံပြီး ညစာ စားဖို့ ချိန်းဆိုထားပါ။ ညစာ စားဖို့ ချစ်သူနဲ့ ချိန်း ဆိုတာအပြင် သူ့အတွက် လက်ဆောင်အနေနဲ့ ပန်းစည်းလှလှတစ်စည်းနဲ့ ချောကလက်ကြိုဝယ်ထားဖို့ မမေ့ပါနဲ့။ ဒါဆိုရင်တော့ ချစ်သူအတွက် ဘ၀တစ်လျှောက်လုံးမှာ အမှတ်တရနဲ့ မမေ့နိုင်တဲ့ ညတစ်ညအဖြစ် အမြဲတမ်းရှိနေတော့မှာပါ။
အလှူအတန်းပြုလုပ်ပါ
ကိုယ်ချစ်တဲ့သူနဲ့အတူ ကိုယ့်ပတ်ဝန်းကျင်မှာဖြစ်စေ၊ တစ်နေရာရာမှာ ဖြစ်စေ အစားအသောက်တွေ လှူဒါန်းမှုပြုလုပ် တာကလည်း စိတ်ကြည်နူးစရာပါ။ လေ့လာ မှုတွေအရ အများအကျိုးပြုတဲ့ လုပ်ငန်းတွေ မှာ ကိုယ်တိုင်ပါဝင်လုပ်ဆောင်သူတွေဟာ စိတ်ကျန်းမာရေးကို ပိုမိုကောင်းစေပြီး၊ စိတ် ဖိစီးမှုနဲ့ စိတ်သောကတွေ ကင်းစေတယ်လို့ ဆိုပါတယ်။ Valentine’s Day မှာ ကိုယ်ချစ်တဲ့ သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ဖြစ်စေ၊ ကိုယ့်ချစ်သူနဲ့နှစ်ယောက်တည်းဖြစ်စေ အလှူအတန်းပြုလုပ်ဖို့နေရာရွေးထားလိုက်ပါ။
အဆင်သင့်အစာတွေ ရှောင်မယ်
ဒီနေ့မှာ ဘယ်လောက်ပဲ အလုပ်တွေ များနေပါစေ ချစ်သူနဲ့ အဆင်သင့်စာတွေ စားပြီးတော့ အချိန်တွေကို မကုန်ဆုံးလိုက် ပါနဲ့။ တစ်နေ့တလေ စားတာပဲဆိုပေမယ့် ကျန်းမာရေးနဲ့ မညီညွတ်နဲ့အပြင် ကယ်လိုရီ တွေများစွာတက်စေပါတယ်။ အဆင်သင့် အစာတွေအပြင် အချိုစာတွေကိုလည်း အလွန်အကျွံစားမိတာမျိုး မဖြစ်အောင် ရှောင်ပါ။
အဆိပ်အတောက်တွေ ဖယ် ရှားပါ
ကြိုက်လို့စားတာဖြစ်စေ၊ မအားလို့ အဆင်ပြေသလိုပဲ စားလိုက်ရတာဖြစ်စေ၊ အပေါင်းအသင်းတွေနဲ့ဆုံလို့ အပြင်မှာပဲ စားလိုက်တာဖြစ်စေ အကြောင်းအမျိုးမျိုး ကြောင့် စားမိတဲ့အစားအစာတွေက ကျန်းမာ ရေးနဲ့ မညီညွတ်ဘဲ ခန္ဓာကိုယ်တွင်းမှာအဆိပ်အတောက်တွေ စုနေစေပါတယ်။ ခန္ဓာကိုယ်တွင်းမှာ အဆိပ်အ တောက်တွေကို ကင်းရှင်းသွားအောင် Valentine’s Day က စလို့ သင်ရဲ့ စားသောက်နေထိုင်မှုပုံစံတွေကို ပြင်ဆင်ဖို့ချစ်သူနှစ်ဦး အတူဆုံးဖြတ်ချက် ချလိုက်ပါ။
ပန်းနွယ်လေး (ဆေးဝါးတက္ကသိုလ်)
Good Health Journal 680