စိတ်ခံစားမှုမြှင့်တင်ပေးနိုင်တဲ့ ရနံ့တွေကို သင်သိပါရဲ့လား

လူတိုင်းပျော်ရွှင်လိုကြပါတယ်။ ဒါပေမဲ့ ပျော်ရွှင်မှုရစေတဲ့ အဓိကသော့ချက်ကို မသိ ကြပါဘူး။ လေ့လာမှုတွေအရ ရနံ့တွေက ပျော် ရွှင်မှုကိုရရှိစေပြီး စိတ်ခံစားမှုကို မြှင့်တင်ပေး နိုင်တယ်လို့ တွေ့ရှိထားပါတယ်။ ဘယ်လိုရနံ့ တွေက သင့်ကို စိတ်ဓာတ်ကျတာ၊ စိုးရိမ်သောကတွေကို ကင်း ဝေးစေပြီး စိတ်ဓာတ်မြင့် မားစေတယ်ဆို တာသင်သိပါ ရဲ့လား . . .
သံပရာရနံ့
စိတ်ဓာတ်ကျနေတဲ့အခါ သံပရာရနံ့ကို ရှူရှိုက်လိုက်ပါ။ သံပရာသီးမှာပါတဲ့ ဗီတာမင် စီရနံ့က စိတ်ခွန်အားတိုးစေပြီး နိုးကြားတက် ကြွစေပါတယ်။ စိတ်ဖိစီးမှုကိုလည်း လျော့နည်း စေပါတယ်။ အိမ်တွင်း သန့်ရှင်းရေးပစ္စည်းတွေ သုံးတဲ့အခါ အမွှေးရနံ့ကို သံပရာရနံ့ရွေးချယ် သင့်ပါတယ်။

ထင်းရှူးရနံ့
လေ့လာသူတွေက ထင်းရှူးပင်ရဲ့ ရနံ့ ကြောင့် ဆောင်းရာသီနေ့ရက်တွေမှာ လူတွေ က ပိုမိုပျော်ရွှင်တတ်ကြတယ်လို့ ဆိုပါတယ်။ ထင်းရှူးရနံ့က စိတ်ဖိစီးမှုကို လျော့နည်းစေပြီး နူးညံ့တဲ့စိတ်ခံစားမှုကိုလည်း ဖြစ်စေပါတယ်။ ဂျပန်နိုင်ငံ ကျိုတိုတက္ကသိုလ်ရဲ့လေ့လာမှုအရ ထင်းရှူးပင်တွေရှိတဲ့ တောထဲကို တစ်နေ့တာ လမ်းလျှောက်ထွက်ပြီး အပန်းဖြေတာကြောင့် စိုးရိမ်သောကစိတ်နဲ့ စိတ်ဓာတ်ကျတာတွေကို လျော့နည်းစေပါတယ်။

နေရောင်ကာခရင်မ်
သင်က နေရောင်ကာခရင်မ် ပုံမှန် သုံး လေ့ရှိပါသလား။ ပုံမှန်သုံးလေ့မရှိရင်တောင် ကမ်းခြေလို နေရာမျိုးသွားတဲ့အခါ၊ နေရောင် ခြည်ထဲကို နေပူပြင်းတဲ့အချိန် သွားလာရမယ် ဆိုတဲ့အခါမျိုးတွေမှာ နေရောင်ကာခရင်မ်ကို မဖြစ်မနေ သုံးသင့်ပါတယ်။ ကြိုက်နှစ်သက်တဲ့ အနံ့သင်းသင်းလေးကို ရွေးချယ်ဝယ်ယူရမှာ ဖြစ်ပါတယ်။ နေရောင်ကာခရင်မ်ရဲ့ လိမ်း ထားတာကြောင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပို ရှိစေပြီး စိတ်ဓာတ်လည်း မြင့်မားနေစေပါတယ်။

ပက်ပါးမင့်
လတ်ဆတ်တဲ့ ပက်ပါးမင့်ရနံ့က စိတ်ကို လှုံ့ဆော်ပေးလို့ စိတ်ဓာတ်မြင့်မားမှုကို အား ပေးပါတယ်။ လေ့လာမှုတွေအရ အားကစား သမားတွေကို ပက်ပါးမင့်ရနံ့ပါတဲ့ အသုံးအ ဆောင်တွေနဲ့ ထိတွေ့ပေးတာကြောင့် အား ကစားလုပ်ဆောင်ရာမှာ ပိုမိုထိရောက်အောင် မြင်မှုရစေတယ်လို့ ဆိုပါတယ်။

မြက်ခင်းစိမ်းရနံ့
လတ်ဆတ်တဲ့မြက်ခင်းစိမ်းကို ရိတ်ရာက နေ ရလာတဲ့ ရနံ့ကလည်း စိတ်အပန်းပြေစေပြီး ပျော်ရွှင်မှုရစေပါတယ်။ ဩစတြေးလျမှ ပညာ ရှင်တွေက မြက်ပင်တွေကို ရိတ်လိုက်တဲ့အခါ ထွက်လာတဲ့ ဒြပ်ပေါင်းက စိတ်ဖိစီးမှုကို လျော့ နည်းစေပြီး စိတ်တည်ငြိမ် အေးချမ်းစေတယ်လို့ ဆိုပါတယ်။ ဒါကြောင့် အိမ်ခြံတွင်းမှာ လှပတဲ့ မြက်ခင်းစိမ်းကို ပုံဖော်စိုက်ပျိုးထားပြီး လိုအပ် သလို ပြုပြင်ရိတ်သိမ်းတာကြောင့် စိတ်ဓာတ် မြင့်မားစေပါတယ်။

ပန်းရနံ့
လူတိုင်း ပန်းကလေးတွေကို ချစ်မြတ်နိုး တတ်ကြပါတယ်။ အထူးသဖြင့် မိန်းကလေး တွေက ပန်းလေးတွေကို အမြတ်တနိုးတန်ဖိုး ထားပြီးကို ချစ်တတ်ကြပါတယ်။ ပန်းကလေး တွေ များစွာထဲက ရနံ့သင်းသင်းမွှေးတဲ့ ပန်း ကလေးတွေက ရနံ့ရသူကို စိတ်ရောကိုယ်ပါ လန်းဆန်းသွားစေပါတယ်။ စံပယ်ရနံ့၊ လာဗံ ဒါရနံ့တွေက စိတ်ခံစားမှုကို မြှင့်တင်ပေးပါ တယ်။ လာဗံဒါရနံ့က စိတ်ကို နူးညံ့စေပြီး အိပ် မပျော်တာနဲ့ စိတ်ဓာတ်ကျတာအတွက် အကူ အညီပေးပါတယ်။ စံပယ်ရနံ့ကတော့ သင့်ကို ပျော်ရွှင်မှုတွေ ပေးစွမ်းနိုင်ပါတယ်။

_ ဇာခြည်ဝင်း(ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *