ထန်းလျက်နဲ့ သကြား ဘာကွာလဲ

ထန်းလျက်ရော၊ သကြားရော နှစ် မျိုးစလုံးကို ထန်းပင်ကနေ ထုတ်လုပ်တာ မှန်ပေမယ့် သူတို့နှစ်မျိုးမှာ ကွဲပြားချက် တွေရှိနေပါတယ်။ အမြွှာမောင်နှမနှစ် ဦးမှာ မတူညီတဲ့ အကျင့်စရိုက်တွေ ရှိ သ လိုမျိုးပါပဲ၊ ထန်းပင်တစ်မျိုးတည်းက ထုတ်လုပ်တဲ့ ထန်းလျက်နဲ့ သကြားမှာ လည်း မတူညီတဲ့အချက်တွေ ရှိနေပါ တယ်။
ထန်းလျက်နဲ့ သကြားကို အပြင်ပန်း ကယှဉ်ပြီး ကြည့်လိုက်မယ်ဆိုရင် သ ကြားက ဖြူဖြူဖွေးဖွေး အရောင်ရှိပြီး ထန်းလျက်မှာ အဝါရောင်၊ အညိုနု၊ အ ညိုရင့်ရောင်တွေကို တွေ့ရမှာပါ။ ဘာ ကြောင့် အရောင်မတူလဲဆိုရင် ထန်း လျက်ကို ကျိုချက်တဲ့အချိန်အဆပေါ် မူ တည်ပြီး အရောင်ကွဲသွားတာဖြစ်ပါတယ်။ သကြားက ထန်းလျက်ထက် ပိုမာကျော ပြီး သူ့ပုံဆောင်ခဲနဲ့သူ အတည်တကျရှိ ပါတယ်။ ထန်းလျက်ကတော့ သကြား ထက် ပိုပျော့တတ်ပြီး ပုံဆောင်ခဲအတည် တကျ မရှိပါဘူး။ သကြားနဲ့ ထန်းလျက်ကို ထုတ်လုပ်တဲ့ စမသခနျ မတူတာကြောင့် ဘဲ သူတို့ရဲ့ပုံစံနဲ့ ပါဝင်ပစ္စည်းတွေ မတူ တော့တာ ဖြစ်ပါတယ်။
သကြားမှာ ပါဝင်ပစ္စည်းက ဆူးက ရို့စ်တစ်မျိုးတည်းဖြစ်ပြီး ထန်းလျက်မှာ ဆူးကရို့စ်ရယ်၊ သတ္တုဓာတ်တွေဖြစ်တဲ့ ဆားနဲ့ သံဓာတ်ရယ်၊ အမျှင်ဓာတ်တွေ ပါ ဝင်ပါတယ်။ သကြားကို စားလိုက်ရင် ဆူး ကရို့စ်သကြားဓာတ်က သွေးထဲတိုက် ရိုက်ရောက်သွားပြီး စွမ်းအင်ထုတ်ပေးပါ တယ်။ သကြားက ဆီးချိုရောဂါဖြစ်စေပြီး မျက်လုံး၊ ကျောက်ကပ်နဲ့ ဦးနှောက်ကို ထိခိုက်စေပါတယ်။ ထန်းလျက်က ဆီးချို အတွက် သင့်တော်တာမျိုးတော့ မဟုတ် ပါဘူး၊ သူ့မှာလည်း ဆူးကရို့စ်ပါဝင်ပါ တယ်။ ဒါပေမဲ့ သူ့မှာ သတ္တုဓာတ်နဲ့ အ မျှင်ဓာတ်ပါဝင်တာကြောင့် သကြားနဲ့ ယှဉ်ရင် ကျန်းမာရေးအတွက် ပိုသင့် တော်တာ ဖြစ်ပါတယ်။

ထန်းလျက်ကပေးတဲ့ ကျန်းမာရေး ကောင်းကျိုးတွေကတော့ –

(၁) အစာခြေစနစ်ကို ကောင်းမွန်စေတယ်
ထမင်းစားပြီး ထန်းလျက်ခဲစားရင် အစာကြေတယ်ဆိုတာကို လူကြီးတွေ ပြောပြောနေတာ သင်ကြားဖူးမှာပါ။ ထန်းလျက်က အစာခြေအင်ဇိုင်းတွေကို လှုံ့ဆော်ပေးပြီး အူလမ်းကြောင်းတစ် လျှောက် ကောင်းကောင်းမွန်မွန် ဖြတ် သန်းသွားဖို့အတွက် ကူညီနိုင်ပါတယ်။
(၂) ခန္ဓာကိုယ်တွင်းသန့်စင်စေတယ်
ထန်းလျက်ကခန္ဓာကိုယ်တွင်းသန့် စင်စေနိုင်တယ်ဆိုတာကို လူအတော်များ များသတိထားမိမှာမဟုတ်ပါဘူး။ လေ့လာတွေ့ရှိချက်တွေအရ ထန်းလျက် က အသက်ရှူလမ်းကြောင်း၊ အဆုတ်၊ အစာမျိုပြွန်၊ အစာအိမ်နဲ့ အူလမ်းကြောင်း တွေကို သန့်စင်ပေးနိုင်စွမ်းရှိပါတယ်။

(၃) ဝမ်းချုပ်တာသက်သာစေတယ်
ထန်းလျက်မှာက အမျှင်ဓာတ်ပါဝင် တာကြောင့် အူလမ်းကြောင်းလှုပ်ရှားမှု ကောင်းမွန်စေပြီး ဝမ်းချုပ်တာကို သက် သာစေပါတယ်။ ခန္ဓာကိုယ်တွင်း အဆိပ် ဖြစ်စေတဲ့ တော့ဆင်တွေကိုလည်း ဖယ် ရှားပေးနိုင်စွမ်းရှိပါတယ်။

(၄) စွမ်းအင်ရစေတယ်
ထန်းလျက်က သကြားလိုမျိုး စား ပြီးအချိန်တိုတွင်းမှာ စွမ်းအင်ကို မရရှိ စေပါဘူး။ ထန်းလျက်က စားပြီးရင် ခန္ဓာ ကိုယ်က ဖြည်းဖြည်းချင်းစုပ်ယူပြီး စွမ်း အင်ကိုလည်းဖြည်းဖြည်းချင်း ထုတ်ပေး တာဖြစ်ပါတယ်။ သွေးတွင်းသကြားဓာတ် ကို ဆောင့်မတက်စေတော့ပါဘူး။ ဒါ ကြောင့် သကြားလိုမျိုး ဆီးချို၊ သွေးချို ဖြစ်နိုင်ခြေ နည်းပါးပါတယ်။ ဆီးချို၊ သွေး ချိုရောဂါရှိသူတွေအနေနဲ့ကတော့ အချို စာမှန်သမျှ ရှောင်သင့်ပါတယ်။

ထူးဒါလီကိုကို (MPharm)  

Post Author: Good Health Journal

Leave a Reply

Your email address will not be published.