ပေါင်ဒါမှုန့်တွေရှူမိရင်

ပေါင်ဒါမှုန့်တွေကို ကန့်ကူကျောက် မှုန့်ကနေ ထုတ်လုပ်တာဖြစ်ပါတယ်။ ကန့်ကူကျောက်မှုန့်ကို အလှကုန်ပစ္စည်း အတော်များများမှာ တွေ့ရတတ်ပါတယ်။ ဘေဘီ ပေါင်ဒါ၊ ရေချိုးဆပ် ပြာရည်၊လိုးရှင်း၊ ချွေးနံ့ပျောက်ဆေး၊ အိုင်းရှဲဒိုး၊ ဖောင်ဒေးရှင်း၊ မျက်နှာကပ်တဲ့ Facial Masks စတာတွေမှာ ပါဝင်တတ်ပါတယ်။ ကန့်ကူကျောက်မှုန့်ပါတဲ့ အလှကုန်ပစ္စည်းတွေ အသုံးပြုရင် ဘာတွေသတိထားရမလဲဆိုတော့ ကန့်ကူမှုန့်နဲ့တွဲပါလာတတ်တဲ့ အက်စ်ဘတ်တိုဒြပ်ပေါင်း (Asbestos) ဖြစ်ပါတယ်။ 

Asbestos
Asbestos ဟာ တစ်ချိန်တုန်းက မှော်တွင်းထွက်ကျောက်ဆိုပြီး နာမည်ကြီးခဲ့ပါတယ်။ အက်စ်ဘတ်တိုဖိုင်ဘာတွေက နူးညံ့ပြီး ပျောင့်ပြောင်းလွန်းပါတယ်။ ဒါပေမဲ့ သူတို့က အပူ၊ လျှပ်စစ်နဲ့ ဓာတုပစ္စည်းတွေနဲ့ တိုက်စားရင်တောင်မှ ထိရောက်မှု မရှိပါဘူး။ သူတို့ကို စက္ကူ၊ အဝတ်၊ ဆောက်လုပ်ရေးသုံးပစ္စည်းတွေ ထုတ်လုပ်တဲ့အခါ ရောစပ်ပြီး ပိုခိုင်မာ အောင်လုပ်လေ့ရှိပါတယ်။ မီးလောင်ခံ ဒြပ်ပေါင်းတစ်ခုအဖြစ် အဆောက်အဦးတွေမှာ အက်စ်ဘတ်တိုဒြပ်ပေါင်းကို အသုံးပြုလေ့ရှိပါတယ်။ ၁၉၈၀ မတိုင်ခင်က အမေရိကမှာ ဆောက်လုပ်တဲ့ အဆောက်အဦးတွေမှာ အက်စ်ဘတ်တို ဒြပ်ပေါင်းကို အသုံးပြုကြလေ့ရှိပါတယ်။အက်စ်ဘတ်တိုဒြပ်ပေါင်းနဲ့ ထိမိရင် ဘာအန္တရာယ်မှ မပေးတဲ့အတွက် အလွယ်တကူ ကိုင်တွယ်မိနိုင်ပါတယ်။

အက်စ်ဘတ်တိုဒြပ်ပေါင်းက ခန္ဓာကိုယ်အတွင်းထဲကို ရောက်သွားခဲ့ရင်တော့ အချိန်တစ်ခု ကြာလာတဲ့အခါမှာ ခန္ဓာကိုယ်တွင်း ရောင်ရမ်းတာ၊ မျိုးရိုးဗီဇဆဲလ်တွေကို ထိခိုက်ပျက်စီးစေတာ၊ အသက်ရှူလမ်းကြောင်းပိတ်ဆို့တာ၊ အဆုတ်ရောဂါ၊ အဆုတ်ကင်ဆာတွေ ဖြစ်လာမှာပါ။ အက်စ်ဘတ်တိုဒြပ်ပေါင်းကြောင့် ရောဂါလက္ခဏာပြဖို့ တစ်ခါတလေမှာ နှစ် ၂၀ ကနေ ၅၀ ထိ ကြာတတ်ပါတယ်။ အက်စ်ဘတ်တိုဒြပ်ပေါင်း အနည်းငယ်ပဲ ရှူမိတာပဲဖြစ်ဖြစ်၊ ပမာဏ နည်းနည်းစီကို နှစ်ရှည်လများ ရှူမိတာ ဖြစ်ဖြစ် ဆိုးကျိုးတွေခံစားရမှာ ဖြစ်ပါတယ်။

သတ္တုတွင်းတူးဖော်တဲ့လုပ်သားတွေ၊ ဆောက်လုပ်ရေး လုပ်ငန်းဝင်သူတွေ၊ သင်္ဘောဆောက်လုပ်ရေးလုပ်ငန်းမှာ လုပ်ကိုင်သူတွေ၊ မီးသတ်သမားတွေ၊ အက်စ်ဘတ်တိုဒြပ်ပေါင်းပါဝင်တဲ့ ပစ္စည်းတွေ ထုတ်လုပ်တဲ့ စက်ရုံမှာ အလုပ်လုပ်သူတွေ၊ လျှပ်စစ်ဓာတ်အားပေးမှာ အလုပ် လုပ်သူတွေက အက်စ်ဘတ်တိုဒြပ်ပေါင်းနဲ့ ထိတွေ့ ရှူရှိုက်ရနိုင်ခြေ အများဆုံး ဖြစ်ပါတယ်။

ရောဂါမဖြစ်အောင်ကာကွယ်ဖို့
အက်စ်ဘတ်တို ဒြပ်ပေါင်းကြောင့် ရလာမယ့် ကျန်းမာရေးဆိုးကျိုးတွေ မဖြစ်အောင်ဆိုရင် –
_ အက်စ်ဘတ်တို ဒြပ်ပေါင်းကို လုံးဝ ရှောင်ရှားပစ်ဖို့ လိုပါတယ်။
_ အက်စ်ဘတ်တို ဒြပ်ပေါင်းပါဝင်တဲ့ လူသုံးကုန်ပစ္စည်းတွေကို လုံးဝအသုံး မပြုပါနဲ့။
_ လေဘယ်မှာ Talcum powder၊ Cosmetic talc လို့ ရေးထားတာတွေ့ရင် မသုံးပါနဲ့။

#ထူးဒါလီကိုကို (MPharm)

Post Author: Good Health Journal

Leave a Reply

Your email address will not be published.