မိန်းကလေးတိုင်းမှာ နှုတ်ခမ်းနီ အရောင်ရင့်ရင့်အနည်းဆုံး တစ်ရောင်စီလောက်တော့ ရှိတတ်ကြပါတယ်။ ဒါပေမဲ့ ဒီအရောင်ရင့် နှုတ်ခမ်းနီတွေကို ကြိုက်လို့ ဝယ်ထားပေမဲ့ အရောင်ဖျော့တွေပဲ ဆိုးတာများကြပါတယ်။ တစ်ခါတလေမှာ အရောင်ရင့် နှုတ်ခမ်းနီတွေက လူကို ပိုရင့်စေတာမျိုး၊ မလိုက်ဖက်တာမျိုးတွေ ဖြစ်တတ်လို့ အဆိုးနည်းသွားတာလည်း ဖြစ်ပါတယ်။ ဒီ နှုတ်ခမ်းနီ အရောင်ရင့်ရင့်တွေကို ဘယ်လိုကြွနေအောင် ဆိုးမလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။
♥♥♥ နှုတ်ခမ်းနီဆိုးဆေး အနီရောင်ရင့်ရင့် ဆိုးမယ်ဆိုရင် မျက်နှာပေါ်မှာ အနီရောင် သန်းနေတဲ့ ဝက်ခြံတွေ၊ အဖုတွေကို ကွန်ဆယ်လာနဲ့ အရင်ဖုံးပါ။ နှုတ်ခမ်းအနီရောင်က မျက်နှာပြင်ပေါ်မှာ ရှိနေတဲ့ တခြားနီမြန်းနေတဲ့နေရာတွေကိုပါ အာရုံစိုက်မိစေလို့ ဖြစ်ပါတယ်။
♥♥♥ နှုတ်ခမ်းဆိုးဆေး အရောင်ရင့်ရင့်တွေ ဆိုးမယ်ဆိုရင် နှုတ်ခမ်းလိုင်နာ အသုံးပြုတာကလည်း နှုတ်ခမ်းနီအရောင် ကို ပိုကြွစေပါတယ်။
♥♥♥ နှုတ်ခမ်းဆိုးဆေး အရောင်တောက်တောက်တွေမှာ ပန်းရောင်၊ အညိုရောင်၊ အပြာရောင်၊ အနီရောင် စသဖြင့်ရှိတာမှာ သင်နဲ့ လိုက်ဖက်တဲ့အရောင်က သင့် မျက်နှာအသွင်အပြင်ကို ပိုကြွစေမှာပါ။ ဥပမာ – မျက်ဝန်းနက်နက်ရှိသူတွေက နှုတ်ခမ်းဆိုးဆေး အရောင်ရင့်ရင့် ရွေးမယ်ဆိုရင် အညိုဘက်သွားတဲ့ အရောင်က သင့်မျက်ဝန်းကို ပိုပေါ်လွင်စေပါတယ်။
♥♥♥ နှုတ်ခမ်းဆိုးဆေး အရောင်ရင့်တွေ ဆိုးမယ်ဆိုရင် ဘရပ်ရှ်ကို အသုံးပြုတာက ပိုပြီး သပ်ရပ်စေပါတယ်။ နှုတ်ခမ်းလိုင်နာနဲ့ပါ ထပ်ပြီး အနားသတ်ပေးမယ် ဆိုရင် ပိုပြီးထင်းစေမှာ ဖြစ်ပါတယ်။
♥♥♥ နှုတ်ခမ်းဆိုးဆေး အရောင်ရင့်ရင့်တွေအပေါ်ကနေ နှုတ်ခမ်းအရောင် ပြောင်စေတဲ့ Gloss ကို ထပ်မဆိုးပါနဲ့။ ဒါက နှုတ်ခမ်းဆိုးဆေးအရောင်ရင့်တွေကို နှုတ်ခမ်းတစ်ဝိုက်မှာ ပျံ့သွားစေပါတယ်။
♥ Darliko ♥
Good Health Page မှာ ဖော်ပြထားသော ကဏ္ဍများနှင့် Good Health Journal မှာ ဖော်ပြထားသော ကဏ္ဍများကို ကြိုက်နှစ်သက်ပါက လွတ်လပ်စွာ Share လုပ်နိုင်ပါသည်။ မည်သည့် Facebook စာမျက်နှာ၊ ၀က်ဘ်ဆိုက်မှတစ်ဆင့် ကူးယူဖော်ပြခြင်း ခွင့်မပြုပါကြောင်း အသိပေးအပ်ပါသည်။