ဆီးချိုသွေးချိုဝေဒနာရှင်များတွင် လက်သည်း၊ ခြေသည်းမှိုစွဲနိုင်ခြေ ပိုများ ကြောင်းနှင့် အမျိုးသားများတွင် အမျိုးသ မီးများထက် သုံးဆ ပိုမိုဖြစ်ပွားနိုင်ကြောင်း အရေပြား အထူးကုဆရာဝန်ကြီး ဒေါက် တာဦးကျော်ကျော်ထံမှ သိရသည်။
““ဆီးချိုဝေဒနာရှင်တွေကတော့ လက်သည်း၊ ခြေသည်းမှိုစွဲလွယ်ပါတယ်။ ဆီးချိုရောဂါရှိတာချင်း အတူတူ အမျိုး သားတွေက အမျိုးသမီးတွေထက် သုံးဆ ပိုဖြစ်နိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဆီး ချိုရှိပြီဆိုတာနဲ့ လက်သည်းခြေသည်းနဲ့ အရေပြားကို နေ့စဉ် ဂရုတစိုက် သန့်ရှင်း ပေးဖို့ လိုပါတယ်။ အကြောင်းအမျိုးမျိုး ကြောင့် ကိုယ်ခံအားကျဆင်းနေသူတွေ မှာလည်း ခြေသည်း၊ လက်သည်းမှိုစွဲ လွယ်ပါတယ်။ HIV/AIDS ဝေဒနာရှင် တွေဆို ဒီပြဿနာအလွန်ကြုံရတတ်ပါ တယ်။ ဒက်ဆာ၊ ပရက်နီစလုံး စတဲ့ စတီး ရွိုက်ဆေးတွေ ရေရှည်သုံးစွဲနေရတဲ့သူ တွေမှာလည်း အလွယ်တကူ မှိုစွဲတတ် ပါတယ်””ဟု ဆရာက ရှင်းပြခဲ့သည်။
လက်သည်း၊ ခြေသည်းမှိုစွဲနိုင်ခြေ များသော တခြားအကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ““ရေနဲ့လက်နဲ့မပြတ် ထိ တွေ့နေရတဲ့ အခါမျိုးမှာလည်း လက် သည်း မှိုစွဲတတ်ပါတယ်။ အိမ်ရှင်မတွေ၊ အိမ်အကူတွေ၊ လက်ဖက်ရည်ဆိုင်၊ စား သောက်ဆိုင်မှာ ပန်းကန်ဆေးသူတွေ ကြုံရတတ်တယ်။ ဒီလိုပါပဲ ခြေထောက် မှာ ရေတစိုစိုနဲ့ အလုပ်လုပ်ရတဲ့သူလည်း ခြေသည်းမှို ကြုံနိုင်ပါတယ်။ ရှူးဖိနပ် ကျပ်ကျပ်စီးတဲ့သူတွေလည်း ခြေသည်းမှို အလွန်ရတတ်ပါတယ်။ အသုံးပြုတဲ့ ခြေ အိတ်၊ ခြေစွပ်တွေ မသန့်ရှင်းရင် ပိုလို့ တောင် ဖြစ်နိုင်ပါတယ်။ အများသုံး ရေချိုးခန်းကို သုံးရတဲ့သူတွေမှာလည်း ခြေသည်းမှိုစွဲတတ်ပါတယ်။ မိုးတွင်းကာ လ မြောင်းပုပ်တွေ ရေလျှံတော့ ရေဆိုး တွေထဲ မကြာခဏ ဖြတ်သန်းသွားလာ နေရသူတွေလည်း မှိုစွဲတဲ့ အန္တရာယ်ကြုံ နိုင်တာပါပဲ။ အကြောင်းတစ်ခုခုကြောင့် လက်သည်း၊ ခြေသည်းတွေမှာ ဒဏ်ရာ တစ်စုံတစ်ရာရှိခဲ့ရင် အဲဒီနေရာကတစ် ဆင့် မှိုတွေ အလွယ်တကူ ၀င်နိုင်ပါတယ်။ ဖိနပ်မစီးတဲ့သူတွေ၊ ရေကူးကန်မှာ မကြာ ခဏ ရေကူးသူတွေ၊ ဂျင် (Gym)ေ ဆာ့ သူတွေ၊ ခြေထောက်မှာ ချွေးတစိုစိုနဲ့ နေသူ တွေလည်း ခြေသည်းမှိုစွဲနိုင်တဲ့ အန္တရာယ် ရှိပါတယ်””အသေးစိပ် ရှင်းပြခဲ့သည်။
မကြာခဏ လက်ဆေးတတ်သူများ နှင့် ရေနဲ့ထိတွေ့လုပ်ကိုင်နေရသော အိမ်ရှင်မများအနေဖြင့် လက်သည်းမှိုစွဲ ခြင်း မဖြစ်အောင်
““တချို့ကျတော့ လက်နဲ့ တစ်ခုခု ကိုင်ပြီးတိုင်း လက်ကို ရေခဏခဏ ဆေး တဲ့ အကျင့်ရှိပါတယ်။ သူတို့လည်း စော စောက ပြောခဲ့တဲ့ ရေနဲ့လက်နဲ့ မပြတ် ထိတွေ့နေရတဲ့ အိမ်ရှင်မတွေနဲ့ အိမ် အကူတွေလိုပဲ လက်သည်း မှိုစွဲတတ်ပါ တယ်။ ဒါကြောင့် လက်ဆေးပြီးရင်လည်း လက်ကို မြန်မြန်ခြောက်အောင် သုတ် ပေးဖို့ လိုပါတယ်”” ဟု အကြံပြု ပြော ကြားခဲ့သည်။
◘ ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)