သွားပွတ်တံတစ်ချောင်းရဲ့ သက်တမ်း

သွားတွေရဲ့ သက်တမ်းက တစ်သက်စာဖြစ်ပေမယ့် သင်ရဲ့သွားပွတ်တံကတော့ တစ်သက်တာလုံးခံမှာ မဟုတ်ပါဘူး။ သင် နံနက်တစ်ခါ၊ ညတစ်ခါ၊ အစာစားပြီးချိန်တိုင်း တိုက်တဲ့ သွားပွတ်တံကို ဘယ်အချိန်မှာ အသစ်လဲရမလဲလို့ တွေးဖူးပါသလား။ ဒီသွားပွတ်တံ တစ်ချောင်းမှာရော မျက်စိနဲ့ မမြင်နိုင်တဲ့ ဘယ်လိုပိုးမွှားတွေ ပေါက်ဖွားနေလဲဆိုတာ သင်သိပါသလား။ ဒီအတွက် သတိမထားမိတဲ့ သွားပွတ်တံနဲ့ ပတ်သက်တဲ့ သတိပြုစရာ အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။ 

အမေရိကန်သွားဖက်ဆိုင်ရာအဖွဲ့ အစည်းက သတ်မှတ်ထားတာကတော့ သွားပွတ်တံတွေကို သုံးလတစ်ကြိမ် လဲပေးဖို့ဖြစ်ပါတယ်။ ရိုးရိုးသွားပွတ်တံဘဲ ဖြစ်ဖြစ် လျှပ်စစ်ဘက်ထရီနဲ့သွားပွတ်တံဘဲ ဖြစ်ဖြစ် သုံးလကြာရင် အသစ်လဲရမှာ ဖြစ်ပါတယ်။

သင်ရဲ့ သွားပွတ်တံပေါ်မှာ ဘက်တီးရီးယားတွေနဲ့ ရောဂါပိုးပေါင်း ဆယ်မီလီယမ်ရှိနေနိုင်ပါတယ်။ စိုစွတ်တဲ့ သွားပွတ်တံအမျှင်တွေမှာ အရမ်းသေးငယ်တဲ့ မိုင်ခရိုအော်ဂနစ်ဆင်တွေ ပေါက်ဖွားလွယ်ပါတယ်။ ဒါပေမယ့် ဒီသက်ရှိမိုင်ခရို အော်ဂနစ်ဆင်တွေက လူတွေကို ဖျားနာအောင်တော့ မလုပ်နိုင်ပါဘူး။

သွားပွတ်တံကို ဘယ်လိုထိန်းသိမ်းမလဲ
_ သွားတိုက်ဆေးတွေမှာ ပိုးသတ်နိုင်တဲ့ အာနိသင် ပါဝင်ပါတယ်။
_ သွားပွတ်တံ အသုံးပြုပြီးတိုင်း ပြန်ခြောက်မယ့်နေရာဖြစ်မယ်ဆိုရင် ပိုးမွှားတွေ ပေါက်ဖွားနှုန်း ကျနိုင်ပါတယ်။
_ သွားတိုက်ပြီးတိုင်း သွားပွတ်တံကို ရေနဲ့ပြောင်စင်အောင် ဆေးကြောပေးပါ။
_ သွားပွတ်တံအမှင်တွေ ရှိတဲ့ဘက်ကို အပေါ်မှာထားပါ။ ဇောက်ထိုး မထည့်ပါနဲ့။
_ ပါးစပ်သန့်စင်ဆေးရည်ထဲမှာ သွားပွတ်တံကို မိနစ် ၂၀ လောက်စိမ်ပေးတာကလည်း ပိုးမွှားတွေကို သန့်စင်နိုင်ပါတယ်။
_ ရေနွေးပွက်ပွက်ဆူတဲ့ထဲကို သွားပွတ်တံ အမျှင်တွေ ၁၀ စက္ကန့်လောက် ထည့်စိမ်ပြီး ပိုးသတ်နိုင်ပါတယ်။
_ နောက်တစ်ချက်ကတော့ သွားပွတ်တံကို အဖုံးနဲ့အုပ်တာ၊ အဖုံးပါတဲ့ ခွက်ထဲ ထည့်သိမ်းတာလုပ်နိုင်ပါတယ်။
_ သွားပွတ်တံရဲ့ အမျှင်တွေက ဖွာထွက် လာတာ၊ ပိုပြီးပျော့လာတာ၊ ကျွတ်ထွက်တာ ဖြစ်လာရင်တော့ သုံးလမပြည့် သေးလည်း အသစ်လဲပေးရပါမယ်။

#ထူးဒါလီကိုကို (M. Sc. in Pharm)

Post Author: Good Health Journal

Leave a Reply

Your email address will not be published.