အလုပ်တွေများပြီး မိသားစုအတွက် အချိန်မပေးနိုင်တာ၊ အမှတ်တရနေ့ရက် တွေကို အတူမရှိနိုင်ကြတာကို လူအ တော်များများ ကြုံတွေ့ဖူးပါတယ်။ ဒီနေ့ ခေတ်ရဲ့ နည်းပညာတိုးတက်လာမှုက ကောင်းပေမယ့် အဆိုးဘက်က ကြည့် မယ်ဆိုရင် လူတွေရဲ့ အားလပ်ချိန်တွေကို ကွာလတီအပြည့်အ၀ မကုန်ဆုံးစေ တတ်တာလည်း ရှိလာပါတယ်။
တိုးတက်လာတဲ့နည်းပညာနဲ့ လုပ် ငန်းခွင်မှာ ၀န်ထမ်းတွေက ဖိအားတွေပို ပေးခံရတတ်ပါတယ်။ ရုံးချိန်ပြင်ပအထိ အလုပ်တွေ သယ်သွားရတာတွေရှိတတ် ပါတယ်။ ပိတ်ရက်မှာတောင် အလုပ်ရဲ့ ၀က်ဘ်ဆိုက်၊ အွန်လိုင်းဆာဗေး စသဖြင့် အတွက် အချိန်ပေးလုပ်နေရတာတွေ လည်း ဒီနေ့ခေတ်မှာ အများအပြားတွေ့ နေရပါတယ်။ အဆက်မပြတ် အလုပ်လုပ် နေရတာဟာ သင့်ကျန်းမာရေးအတွက် ရေရှည်မှာ မကောင်းနိုင်ပါဘူး။ ဘ၀ရဲ့ ကွာလတီ “Quality of Life” ကိုလည်း ကျစေပါတယ်။
အိမ်ပြန်ရောက်တာနဲ့ devices တွေအကုန်လုံး ပိတ်ပစ်ပါ။ ဒီထဲမှာ ဖုန်း၊Laptop၊ ကွန်ပျူတာ၊Tablet အကုန်ပါ ၀င်ပါတယ်။ အလုပ်နဲ့ပတ်သက်တာတွေ အကုန်လုံးမေ့ထားပြီး မိသားစုအတွက် အချိန်ပေးပါ၊ အနားယူပါ၊ သင်ဝါသနာပါ တဲ့အရာတွေလုပ်ပါ။ ညရောက်တိုင်း Emails စစ်တဲ့အကျင့်ကိုလည်း ဖျောက် ပစ်လိုက်ပါ။
အလုပ်ချိန်ကို သင်ရဲ့ဘ၀ lifestyle နဲ့ flexible ဖြစ်တဲ့အချိန်ကို ရွေး ပါ။ မိသားစုအတွက် အချိန်ပိုပေးနိုင်ဖို့ အလုပ်ချိန်ကို ရှေ့တိုးတာဖြစ်ဖြစ်၊ နောက် ဆုတ်တာဖြစ်ဖြစ် အဆင်ပြေအောင်လုပ် ဖို့ ရုံးကမန်နေဂျာနဲ့ တိုင်ပင်ပါ။ တကယ် လို့ သင့်အလုပ်ချိန်က သင့်အတွက် flexible မဖြစ်ဘူးဆိုရင် နောက်အလုပ်သစ် တစ်ခုရှာပါ။ Work Life Balance ရှိ အောင် ကြိုးစားပါ။
အိမ်မပြန်ခင် ကိုယ့်ကိုယ်ကိုယ် သက် သောင့်သက်သာရှိအောင်နေပါ။ ဘာလို့ လဲဆိုတော့ အလုပ်ပင်ပန်းရင် စိတ်ဖိစီး လာပြီး မရွှင်မပျနဲ့ အိမ်ပြန်ရောက်တဲ့အခါ မိသားစုနဲ့ ကောင်းကောင်းမွန်မွန် ပျော် ပျော်ရွှင်ရွှင် အချိန်မပေးနိုင်တာ ဖြစ်ပါ လိမ့်မယ်။
အလုပ်မှာ စိတ်ဖိစီးမှုအရမ်းများ တယ်ဆိုရင် အိမ်မပြန်ခင် အားကစား ခန်းမမှာလေ့ကျင့်ခန်းလုပ်တာ၊ အနီးနား တစ်ဝိုက်မှာလမ်းလျှောက်ထွက်တာ၊ ရှော့ပင်းထွက်တာ၊ စာဖတ်တာလုပ်ပါ။ အိမ်မှာ ကလေးတွေရှိရင် ကလေးတွေအ တွက်မုန့်ဖြစ်ဖြစ်၊ ကစားစရာဖြစ်ဖြစ် ၀ယ် သွားပါ။ အလုပ်ကဖိစီးမှုတွေကို အိမ်ထိ မသယ်သွားဘဲ ရုံးမှာပဲထားခဲ့ပါ။ မိသားစု နဲ့အတူ ကွာလတီအချိန်ရရှိအောင် ဖန် တီးပါ။
တစ်ပတ်မှာတစ်ရက်ကိုတော့ Special Day အဖြစ်သတ်မှတ်ပြီး မိသားစုအတွက် အချိန်ပေးပါ။ သောကြာ ညလိုဖြစ်ဖြစ်၊ စနေညလို ဖြစ်ဖြစ် မိသား စုနဲ့အတူ အပြင်မှာ ထွက်စားတာ၊ ရုပ်ရှင် သွားကြည့်တာတွေ လုပ်ပါ။ မိသားစု၊ သူ ငယ်ချင်း၊ မိတ်ဆွေတွေနဲ့ စကားပြောတဲ့ အခါမှာလည်း အလုပ်အကြောင်းတွေ မပြောမိအောင် သတိထားပါ။ တိုင်ပင် စရာ အရေးကြီးကိစ္စရှိမှ တိုင်ပင်ဆွေးနွေး ပါ။
စိတ်ဖိစီးမှုကို နည်းနိုင်သမျှ နည်း အောင်နေပါ။ စိတ်ဖိစီးမှုများနေတာက သင့်ကိုတင်မကဘဲ သင့်အနီးပတ်ဝန်း ကျင်က လူတွေကိုပါ ကူးစက်စေပါတယ်။ သင်ဟာ အလုပ်ကို ဘယ်လောက်ပဲလုပ် နိုင်ပါစေ၊ နားချိန်ကတော့ ရှိကိုရှိသင့်ပါ တယ်။ မဟုတ်ရင် ရေရှည်မှာ productivity ကျလာမှာပါ။ စိတ်ရောကိုယ်ရော အနားယူဖို့ အချိန်လိုအပ်ပါတယ်။
◘ ထူးဒါလီကိုကို (MPharm)