မျက်စိရေတိမ်ရောဂါနဲ့ပတ်သက်ပြီး ရှင်းပြပေးပါ ဆရာ။
မျက်လုံးဆိုတာက ကြည့်လိုက်ရင်Hollow Cavity ဖြစ်ပြီး၊ အဲဒီထဲမှာ ရေထုထည်ကြီးတစ်ခုရှိတယ်။ အဲဒီရေထု ထည်ကြီးက အမြဲတမ်းလည်ပတ်နေပြီး အပြင်ကBlood Supply ထဲကို စီး ဆင်းသွားတယ်။ အဲဒီလိုပုံမှန်စီးဆင်းနေ ရာကနေ ရေထွက်လမ်းကြောင်းပိတ် သွားတဲ့အခါမှာ ဖိအားတွေများလာပြီး ဖြစ်ပေါ်လာတဲ့အခြေအနေကို ရေတိမ် ရောဂါလို့ခေါ်တယ်။ ရေတိမ်ရောဂါတွေ မှာက အခြေအနေနှစ်ခုကွဲသွားတာမျိုးရှိ တယ်။ မျက်လုံးတွင်း ရေထုထည်က အ ပြင်သွေးထဲကို စီးဆင်းသွားတဲ့အချိန်မှာ Angle လေးတစ်ခုရှိတယ်။ အဲဒါကိုAngle of Anterior Chamber လို့ ခေါ်တယ်။ Angle of Anterior Chamber ကျဉ်းရင် ထောင့်ကျဉ်းရေတိမ် ရောဂါလို့ခေါ်ပြီး၊ ကျယ်ရင် ထောင့်ကျယ် ရေတိမ်ရောဂါလို့ခေါ်တယ်။
ထောင့်ကျဉ်း ရေတိမ်ရောဂါနဲ့ ထောင့် ကျယ်ရေတိမ်ရောဂါတွေ ဖြစ်ပွားမှုကို လည်း ရှင်းပြပေးပါ ဆရာ။
အကြမ်းဖျင်းပြောရရင် မြန်မာပြည် မှာ တစ်ချိန်တုန်းက ထောင့်ကျဉ်းရေတိမ် ရောဂါက ၇၀ ရာခိုင်နှုန်းဖြစ်ကြပြီး၊ ထောင့်ကျယ် ရေတိမ်ရောဂါက ၃၀ ရာ ခိုင်နှုန်းရှိတယ်လို့ လေ့လာတွေ့ရှိခဲ့ကြ တယ်။ ဘာလို့လဲဆိုရင် ဆရာတို့မြန်မာ နိုင်ငံအပါအ၀င် အရှေ့တောင်အာရှနိုင်ငံ သားတွေရဲ့မျက်လုံးဟာ ကျဉ်းတဲ့အ တွက် Angle of Anterior Chamber ကလည်းကျဉ်းတော့ ထောင့်ကျဉ်းရေ တိမ်ရောဂါက အဖြစ်များတာဖြစ်တယ်။ ဆရာ့အတွေ့အကြုံအရ ထောင့်ကျယ် ရေတိမ်ရောဂါကိုလည်း တဖြည်းဖြည်း အတွေ့များလာပါတယ်။ ဘာကြောင့်ဆို တာကိုမသိပေမယ့် အခုနောက်ပိုင်း ရန် ကုန်မျက်စိဆေးရုံကို လာပြတဲ့လူနာတွေ ထဲမှာ ထောင့်ကျယ်ရေတိမ်ရောဂါဖြစ်တဲ့ သူတွေများလာတာကို တွေ့လာရပါ တယ်။
မျက်စိရေတိမ်ဖြစ်တဲ့အခါ ဘယ်လို ရောဂါ လက္ခဏာတွေ ခံစားရနိုင်လဲ ဆရာ။
ဆရာတို့ ဟိုးအရင်တုန်းက အတွေ့ အကြုံအရရော၊ ဆရာတို့ဆေးပညာ စာ အုပ်ထဲမှာရော တွေ့ဖူးတာက ထောင့် ကျဉ်းရေတိမ်ကြောင့်ဖြစ်တဲ့ မျက်စိကိုက် တာဟာ လူနာအနေနဲ့ မခံနိုင်အောင် ကိုက်တာမျိုးကို ခံစားရတတ်တယ်လို့ သတ်မှတ်ခဲ့တယ်။ မှန်လည်း မှန်ခဲ့တယ်။ အဲဒီလိုခေါင်းကိုက်တာကြောင့် တချို့ ဆိုရင် မျက်စိရောဂါလို့တောင်မထင်ဘဲ ဦးနှောက်နဲ့အာရုံကြောရောဂါထင်ပြီး၊ မှားကြတာတွေတောင်ရှိခဲ့ပါတယ်။ နောက်ပြီး အန်တာမျိုးတွေလည်းရှိတဲ့ အတွက် ဦးနှောက်နဲ့အာရုံကြောရောဂါ တွေနဲ့လည်း မှားတတ်ကြတယ်။ ရေတိမ် ရောဂါဖြစ်တဲ့ လူနာမှာဆိုရင် မျက်လုံးက နီလာမယ်၊ ကိုက်လာမယ် ပြီးရင် မှုန်လာ မယ်။ ဒီမှာ သတိထားရမှာက မျက်လုံး နီရဲတိုင်းတော့ ရေတိမ်ရောဂါမဟုတ်ပါ ဘူး။ မျက်လုံးနာရင်လည်း မျက်လုံးကနီ နိုင်တာပါပဲ။ ထောင့်ကျဉ်းရေတိမ်ရောဂါကြောင့်ဖြစ်တဲ့ မျက်စိနီတာကမျက်လုံးရဲ့ မျက်ကြည်လွှာပတ်လည်မှာ ပိုပြီးတော့နီ နေတတ်တယ်။
အခုနောက်ပိုင်းမှာကော မျက်စိရေတိမ်ရဲ့ ရောဂါလက္ခဏာတွေကို ဘယ်လိုတွေ့ရ တတ်လဲ ဆရာ။
နောက်ပိုင်း ဆရာ့အတွေ့အကြုံ အရ ရေတိမ်ဖြစ်တဲ့လူနာတွေကို ကြည့် လိုက်ရင် ကိုက်ခဲပြီး၊ အန်တယ်ဆိုတာ လည်းမရှိဘူး။ နာတာလည်းမဖြစ်ဘဲ ပုံစံ ပြောင်းလဲလာတာကို တွေ့လာရပါတယ်။ ဘာကြောင့်လဲဆိုတာမသိပေမယ့် ရောဂါ လက္ခဏာပုံစံပြောင်းလာတာကို တွေ့ရ ပါတယ်။ ရေတိမ်ဖြစ်တဲ့သူတွေလာပြတဲ့ အခါမှာ မျက်စိက နီလည်းမနီဘူး၊ ကိုက် လည်း မကိုက်ဘူး၊ မှုန်လည်းမမှုန်ဘူး။ ဒါပေမဲ့ လူနာအနေနဲ့ မျက်လုံးက ကြည့် ရတာ ကြည့်လို့မကောင်းဘူး။ အားမရ ဘူးဆိုတာမျိုးတွေဖြစ်ပြီး လာပြကြ တယ်။ ဒီလူနာတွေက မျက်စိတစ်ခုခုဖြစ် တယ်ထင်ပြီး မျက်မှန်စမ်းကြတယ်။ မျက် မှန်စမ်းတော့လည်း မျက်မှန်စမ်းတဲ့ စာ လုံးလေးတွေရဲ့ အောက်ဆုံးတန်းကို မြင် နေရတယ်။ ဒီတော့ မျက်မှန်တပ်ဖို့ လည်း မလိုပြန်ဘူး။ ဒီတော့ မျက်လုံးက ကောင်းတယ်လို့ပဲ သတ်မှတ်ကြတယ်။ လူနာကလည်း မျက်မှန်လုပ်တယ်။ ပါဝါ လည်း မှန်တယ်။ ဒါပေမဲ့ သူ့မျက်စိက ကြည့်ရတာ အားမရဘူးလို့ ခံစားနေရ တယ်။ မျက်မှန်ကို တစ်ချိန်လုံး ပြောင်း လုပ်နေရတယ်။ ဒါဆိုရင် ဆရာတို့သတ် မှတ်လိုက်တာက သူ့မှာမျက်စိနဲ့ပတ်သက် တဲ့ ရောဂါတစ်ခုခုရှိနေတယ်။ အဲဒီရောဂါ ကို တွေ့အောင်ရှာရမယ်ဆိုပြီး သတ်မှတ် လိုက်ပါတယ်။
မျက်စိရေတိမ်ဖြစ်တာလို့ မထင်ဘဲ တခြား ရောဂါတွေလို့ကော ထင်နိုင်ပါသလား ဆရာ။
မျက်စိက တအားနီပြီး ကိုက်ရဲနေတဲ့ လူနာဆိုရင်တော့ သူ့မှာ မျက်စိရောဂါတစ် ခုခုဖြစ်နေတယ်ဆိုတာကို သိနိုင်တယ်။ ဒါဆိုရင် မျက်စိဆရာဝန်ဆီ ရောက်လာ တတ်တယ်။ ဒါပေမဲ့ လူနာက အော့အန် တာမျိုး ခံစားရရင်တော့ မျက်စိဝေဒနာလို့ ဘယ်သူမှထင်မှာမဟုတ်ဘူး။ ဒီတော့ အ ထွေထွေဆရာဝန်ဆီ ရောက်သွားတတ် တယ်။ တချို့ကလည်း အစာအိမ်နဲ့အူ လမ်းကြောင်းဆရာဝန်ဆီ သွားပြတတ် တယ်။ တချို့လူနာတွေမှာတော့ မျက် စိအရမ်းကိုက်လွန်းတဲ့အချိန်မှာ မျက်စိ ကိုက်တယ်လို့မထင်ဘဲ ခေါင်းကိုက် တယ်ထင်ပြီး ဦးနှောက်နဲ့အာရုံကြော ဆရာဝန် တွေဆီ ရောက်သွားတတ်တယ်။ အဲဒီကမှတစ်ဆင့် ဆရာတို့ မျက်စိဆရာ ၀န်တွေဆီကို ပြန်လွှဲလာတာမျိုးတွေ လည်း ရှိပါတယ်။
မျက်စိရေတိမ်ဖြစ်ကြောင်း ကိုယ့်ကိုယ် ကိုယ် သိနိုင်တဲ့ အချက်ရှိရင်လည်း သိချင် ပါတယ်ဆရာ။
မျက်စိရေတိမ်ရှိတဲ့သူက မြင်ကွင်း ကို အပြည့်မခံစားရဘူး။ (ဥပမာအနေနဲ့ ပြောရရင်မျက်လုံးဆိုတာက ရှေ့တည့် တည့်ကို အာရုံစိုက်ပြီး ကြည့်နေပေမယ့် ဘေးကလူကိုမြင်နေရတယ်။ ဒါက မြင် ကွင်းကျယ်တဲ့သူ၊ ပုံမှန်အခြေအနေမှာ မြင်ရတဲ့ပုံစံဖြစ်တယ်။) ရေတိမ်ရှိတဲ့လူနာ မှာတော့ အဲလိုမဟုတ်ဘူး မြင်ကွင်းက ကျဉ်းပြီး ကြည့်ရတာအားမရဘူး။ ရှေ့ တည့်တည့်ကို ကြည့်နေရင် ဘေးကိုမမြင် ရဘူး။ အဲဒီလိုခံစားချက်မျိုးဖြစ်နေပေ မယ့် လူနာအနေနဲ့က ပြောမပြတတ်ဘူး။ ဒီတော့ လူတစ်ယောက်ဟာ သူ့မြင်ကွင်း က ပုံမှန်လား၊ မြင်ကွင်းကျဉ်းသွားလားဆို တာကိုလည်း ပြောဖို့အတော်ခက်ခဲပါ တယ်။ လူနာအနေနဲ့လည်း မျက်လုံးက ကြည့်လို့မကောင်းဘူးဆိုတာမျိုးပဲ ခံစား နေရတယ်။ ဒါဆိုရင် မျက်စိနဲ့ပတ်သက်ပြီး ရောဂါတစ်ခုခုဖြစ်နေပြီးဆိုတာကို သ ဘောပေါက်ပြီး မျက်စိနဲ့ပတ်သက်တဲ့ စစ် ဆေးမှုတွေကို ချက်ချင်းခံယူဖို့လိုပါတယ်။
မျက်စိရေတိမ်ရောဂါကို ကုသပြီးတဲ့အခါ ပကတိမျက်စိအတိုင်း ပြန်မြင်နိုင်ပါ သလား ဆရာ။
ရေတိမ်ရောဂါရှိသူတစ်ယောက် ဟာ ရေတိမ်ဖြစ်ပြီး ၂၄ နာရီအတွင်း အ ချိန်မီကုသမှု ခံယူနိုင်ရင် မျက်လုံးကို လူ ကောင်းအတိုင်းပြန်ဖြစ်အောင် ကုသပေး နိုင်ပါတယ်။ ၂၄ နာရီ ကျော်သွားတယ် ဆိုရင် အာရုံကြောက အနည်းနဲ့အများ ထိခိုက်လာတယ်။ တစ်ပတ်ကြာရင်တော့ အာရုံကြောက လုံးဝထိခိုက်သွားပြီး၊ တစ် လလောက်ကြာသွားမယ် ဆိုရင်တော့ မျက်လုံးကလုံးဝကွယ်သွားနိုင်ပါတယ်။ ဒါက ဆရာတို့ရဲ့ ဆရာကြီးတစ်ယောက် ဖြစ်တဲ့ မျက်စိရောဂါ ပါမောက္ခကြီး ဒေါက်တာဦးမြင့်သိန်းရဲ့ ကိုယ်တိုင်ပြုလုပ် ထားတဲ့ သုတေသနရလဒ်ပဲဖြစ်ပါတယ်။ ရေတိမ်ရောဂါဖြစ်လာပြီဆိုရင် ဦးနှောက် နဲ့ မျက်လုံးကိုဆက်သွယ်နေတဲ့ Optic Nerve လို့ခေါ်တဲ့ အာရုံကြောကို သွားဖိ မိတယ်။ အဲဒီလိုဖိမိတဲ့အခါမှာ Optic Nerve ရဲ့လုပ်ဆောင်ချက်တွေက တဖြည်း ဖြည်းလျော့သွားတယ်။ ရေတိမ်ကြောင့် Optic Nerve ရဲ့လုပ်ဆောင်ချက်တွေ လျော့သွားတာကို ပြန်ပြီးကောင်းအောင် လုပ်လို့မရဘူး။ ပိုမဆိုးလာအောင်ပဲ ထိန်းထားလို့ရတယ်။ ဒါကြောင့် ရေတိမ် က ကြောက်ဖို့ကောင်းတဲ့ ရောဂါပြဿ နာတစ်ခုလို့ဆိုနိုင်ပါတယ်။ ပိုကောင်းလာ အောင် လုပ်လို့မရဘူး။ ပိုမဆိုးလာ အောင်ပဲ ထိန်းထားလို့ရတယ်ဆိုတာကို ပြည်သူတွေကို သိစေချင်ပါတယ်။
◘ ပါမောက္ခ ဦးတင်ဝင်း
မျက်စိအထူးကုဆရာဝန်ကြီး