ချောကလက်အကြောင်း သင်ဘယ်လောက်သိပါသလဲ

ချောကလက်က ကျန်းမာရေးနဲ့ ညီညွတ်တယ်။ နှလုံးကျန်းမာရေးကောင်း စေတယ်ဆိုတာတော့ သိထားကြပေ မယ့် တကယ်တမ်း ကျန်းမာရေးအတွက် ဘယ်လောက်ကောင်းလဲဆိုတာကို သိ ကြရဲ့လား။ ဒီ Quiz လေးမှာ အဖြေ ရှာကြည့်ကြရအောင်နော်။ ၁။ ဘယ်ချောကလက်အမျိုးအစားက ကျန်းမာရေးနဲ့ အညီညွတ်ဆုံးလဲ။ (က) White Chocolate (ခ) Milk Chocolate (ဂ) Dark Chocolate ၂။ ဟိုးတစ်ချိန်က ချောကလက်အစွမ်း ထက်လွန်းတယ်လို့ ယုံကြည်ခဲ့တဲ့အတွက် (က) ဆရာဝန်တွေက အသည်းကွဲ ဝေဒနာတွေကို ကုစားပေးခဲ့တယ် (ခ) မယ်သီလရှင်တွေကို စားခွင့်မပေးခဲ့ဘူး (ဂ) ၂ မျိုးလုံး ၃။ ကော်ဖီတစ်ခွက်မှာပါတဲ့ ကဖင်း ဓာတ်ရဖို့ ချောကလက်ဘယ်နှပြားစား ရမလဲ။ (က) ၂ ပြား (ခ) ၈ […]

အမျိုးသားဟော်မုန်းအကြောင်း သင်ဘယ်လောက်သိပါသလဲ (၁)

တက်စ်တိုစတီရုန်း (Testosterone) လို့ခေါ်တဲ့ အမျိုးသားဟော်မုန်းက အမျိုးသားတွေအတွက် အရေးကြီး ဟော်မုန်းတစ်မျိုးပါ။ ဒီဟော်မုန်းတွေက ဘယ်လိုအာနိသင်ရှိလဲ၊ ဘယ်လိုအခြေ အနေတွေမှာ လျော့နည်းလာတတ်လဲ၊ လျော့နည်းလာတဲ့အခါမှာ ဘယ်လို လက္ခဏာရပ်တွေ ပေါ်လာတတ်လဲ စသဖြင့် ဒီဟော်မုန်းနဲ့ ပတ်သက်ပြီး သိ သင့်တာတွေ သိထားပြီးပြီလား ဆန်း စစ်ကြည့်ကြရအောင်။ ၁။ လိင်စိတ်က ပုံမှန်လိုမထက်သန် တော့တာ တက်စ်တိုစတီရုန်းဟော်မုန်း လျော့နည်းလာလို့ပါ။ (က) မှန် (ခ) မှား ၂။ တက်စ်တိုစတီရုန်းဟော်မုန်း လျော့ နည်းလာတာ အသက်ကြီးလာတဲ့ ပုံမှန် လက္ခဏာတစ်ရပ်ပါ။ (က) မှန် (ခ) မှား ၃။ တက်စ်တိုစတီရုန်းဟော်မုန်းလျော့ နည်းတာရဲ့ လက္ခဏာရပ်တွေက (က) ရင်သားကြီးလာတာ (ခ) ဝှေးစေ့ကျုံ့လာတာ (ဂ) အသားတွေပူလာတာ […]

ဆီးချိုရောဂါအကြောင်း သင်ဘယ်လောက်သိပါသလဲ (၂)

ဆီးချိုရောဂါဟာ သွေးတွင်းသကြား ဓာတ်တွေများနေတဲ့ရောဂါပါ။ အဖြစ် များတဲ့ရောဂါဖြစ်ပြီး မျိုးရိုးလိုက်တဲ့ရောဂါလည်းပဲဖြစ်ပါတယ်။ ဆီးချိုရောဂါနဲ့ ပတ်သက်ပြီး ဘယ်လောက်သိလဲ လေ့ လာကြည့်ကြရအောင်။ ၁။ ဆီးချိုသမားတွေအနေနဲ့ တစ်ပတ်ကို ဘယ်နှမိနစ်စာ ကိုယ်လက်လှုပ်ရှားမှုပြုသင့်ပါသလဲ။ (က) ၆၀မိနစ် (ခ) ၆၀မိနစ် (ဂ) ၁၅၀မိနစ် (ဃ) ၅၀၀ မိနစ် ၂။ အဝလွန်တဲ့သူဖြစ်ပါက ၅ ပေါင် လောက်လျော့တာက ဆီးချိုရောဂါကို အထောက်အကူပြုနိုင်ပါတယ်။ (က) မှန် (ခ) မှား ၃။ စိတ်ဖိစီးမှုများရင် သွေးတွင်းသကြားဓာတ်တက်လာနိုင်လား။ (က) တက်နိုင်တယ် (ခ) မတက်နိုင်ဘူး ၄။ Strength Training  ကြွက်သားတွေ သန်မာစေနိုင်တဲ့လေ့ကျင့်ခန်းတွေက ဆီးချိုသမားတွေအတွက် ဘယ်လို ကောင်းစေနိုင်သလဲ။ (က) သန်မာပြီး ပေါ့ပါးဖျတ်လတ်စေ နိုင်တယ် […]

ဆီးချိုရောဂါအကြောင်း သင်ဘယ်လောက်သိပါသလဲ (၁)

ဆီးချိုရောဂါဟာ သွေးတွင်းသကြား ဓာတ်တွေများနေတဲ့ရောဂါပါ။ အဖြစ်များ တဲ့ရောဂါဖြစ်ပြီး မျိုးရိုးလိုက်တဲ့ရောဂါ လည်းပဲဖြစ်ပါတယ်။ ဆီးချိုရောဂါနဲ့ပတ် သက်ပြီး ဘယ်လောက်သိလည်း လေ့ လာကြည့်ကြရအောင်။ ၁။ ဆီးချိုရောဂါသည်အများစုဟာ သွေး ထဲသကြားဓာတ်များလာတာကို ခံစား သိရှိလေ့ရှိကြတယ်။ (က) သိတယ် (ခ) မသိဘူး ၂။ ဆီးချိုသမားတွေက ဘာလို့ သက် သောင့်သက်သာရှိတဲ့ ဖိနပ်တွေကိုပဲ စီး သင့်တာလဲ။ (က) ခြေဖဝါးဒဏ်ရာမရအောင် (ခ) ခြေထောက်လိမ်တာမျိုးမဖြစ်အောင် ၃။ ဆီးချိုသမားတွေအနေနဲ့ အသီးကို ကြိုက်သလောက်စားလို့ရလား။ (က) မှန် (ခ) မှား ၄။ ဆီးချိုရှိပါက အအေးမိနှာစေးဖြစ်နိုင် ခြေများတယ်။ (က) မှန် (ခ) မှား ၅။ ဆီးချိုသမားတွေအနေနဲ့ သကြား လုံးနဲ့ အချိုများတဲ့အစားအစာတွေကို […]

ဖောက်ပြန်ခြင်းအကြောင်း သင်ဘယ်လောက်သိပါသလဲ

ဖောက်ပြန်တဲ့ကိစ္စဟာရှက်စရာ သိပ်ကောင်းပါတယ်။ လင်မယားကြား ချစ်သူတွေကြားအဆင်မပြေမှုတွေနဲ့ လမ်းခွဲတဲ့အထိဖြစ်တတ်ပါတယ်။ တဒင်္ဂသာယာတာလေးနဲ့ တည်ဆောက် ထားတဲ့ အရာတွေပျက်စီးတတ်ပါ တယ်။ လူတွေ ဘာကြောင့်ဖောက်ပြန် ရသလဲ။ ဘယ်လိုလူတွေမှာ ပိုပြီးဖောက် ပြန်တတ်သလဲ စတာတွေကို သိရှိလေ့ လာနိုင်ဖို့ ဒီ Quiz လေးဖြေကြည့် ပါနော်။ ၁။ လိင်ပိုင်းဆိုင်ရာ စိတ်ကျေနပ်မှု အပြည့်အဝမရတဲ့ အကြောင်းတစ်ခု ကြောင့်ပဲ ဖောက်ပြန်တာလား။ ဖောက်ပြန်တဲ့ယောကျာ်းအများစု က အိမ်ထောင်ရေးမသာယာလို့ ဖောက် ပြန်တာ။ (က) မှန် (ခ) မှား ၂။ မိန်းမတွေဖောက်ပြန်ရတဲ့ အဓိက အကြောင်းရင်းက (က) လိင်ပိုင်းဆိုင်ရာ စိတ်ကျေနပ်မှု မရလို့ (ခ) ကလဲ့စားချေချင်လို့ (ဂ) အထီးကျန်လို့ ၃။ လင်မယားကွဲခြင်းရဲ့ အဓိက အကြောင်းရင်းက […]

ကိုယ်ဝန်ဆောင်နှင့် ဆောင်ရန်၊ ရှောင်ရန်များ

ကိုယ်ဝန်ဆောင်ချိန်မှာ လေယာဉ်နဲ့ခရီး သွားဖို့ သင့်တော်ပါရဲ့လား။ လေယာဉ်က အမြင့်ကို တက်သွား တဲ့အခါ အောက်ဆီဂျင်နည်းသွားပါ တယ်။ လေယာဉ်ပျံကို သာမန်လူတွေ တောင် အကြာကြီးစီးရင် ခြေထောက် သွေးကြောပိတ်တာ၊ အောက်ဆီဂျင်နည်း တာကြောင့် ရင်ဘတ်အောင့်တာတွေ ခံစားရတတ်ပါတယ်။ ကိုယ်ဝန်ဆောင် တွေမှာ ဒီလိုဖြစ်ရင် ကလေးဆီကို သွေး အရောက်နည်းသွားပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်လရင့်လာပြီဆိုရင် ခရီး ဝေးသွားတာကို ခွင့်မပြုပါဘူး။ ခရီးတို လေးတွေ သွားတာကိုပဲ ခွင့်ပြုပါတယ်။ ဥပမာ-ဘန်ကောက်သွားမယ်၊ စင်ကာပူ သွားမယ်ဆိုရင် ရပါတယ်။ ဒါပေမဲ့ သြစတြေးလျသွားမယ်၊ အင်္ဂလန်သွား မယ်၊ မဖြစ်မနေသွားမှရမယ်ဆိုရင်တော့ လမ်းထလျှောက်ဖို့၊ ဟိုရောက်တာနဲ့ ခြေ ထောက်ကို ထောင်ပြီး အိပ်ဖို့ မှာရပါ တယ်။ ကိုယ်ဝန် ၇ လနောက်ပိုင်းမှာတော့ […]

ခေါင်းတစ်ခြမ်းကိုက် ဝေဒနာအကြောင်း သင်ဘယ်လောက်သိပါသလဲ

ခေါင်းတစ်ခြမ်းကိုက်တာဟာ အခံရခက်လှပါတယ်။ ဘာကြောင့်ဖြစ်ရ သလဲ။ သက်သာပျောက်ကင်းအောင် ဘယ်လိုလုပ်လို့ရလဲဆိုတာကို သိရဖို့ Quiz  လေးဖြေကြည့်ကြရအောင်။ ၁။ ပြိုးပြိုးပြက်ပြက်အလင်းရောင်တွေ မမြင်ရရင် ခေါင်းတစ်ခြမ်းကိုက်တာ မ ဟုတ်ဘူး။ (က) မှန် (ခ) မှား ၂။ Migraine (ခေါင်းတစ်ခြမ်းကိုက် ရောဂါ)က ခေါင်းတစ်ခြမ်းမှာပဲကိုက်တာ ပါ။ (က) မှန် (ခ) မှား ၃။ ဘယ်အစားအစာက ခေါင်းတစ်ခြမ်း ကိုက်တာကိုဖြစ်စေနိုင်သလဲ။ (က) ပန်းသီး (ခ) ဟင်းနုနယ် (ဂ) Cheedar Cheese   (ဃ) သီဟိုဠ်စေ့ ၄။ ခေါင်းတစ်ခြမ်းကိုက်တာက အမျိုး သမီးတွေမှာ ပိုဖြစ်တတ်တယ်။ (က) မှန် (ခ) မှား ၅။ ခေါင်းတစ်ခြမ်းကိုက်တာဖြစ်ဖို့ အချိန် ဘယ်လောက်လိုအပ်သလဲ။ […]

နေရောင်ခြည်ဒဏ်ခံရတာနဲ့ပတ်သက်ပြီး သင်ဘယ်လောက်သိပါသလဲ

နေရောင်ခြည်က နွေးထွေးမှုပေးနိုင်ပြီး ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ဗီတာမင်ဒီကို ပေးစွမ်းနိုင်ပါတယ်။ ဒါပေမဲ့ နေရောင်ကြာကြာခံရမယ်ဆိုရင် အသားမည်းရုံတင်မက နေရောင်ထဲမှာပါတဲ့ အန္တရာယ်ရှိတဲ့ ရောင်ခြည်ဒဏ်တွေပါခံရနိုင်ပါလိမ့်မယ်။ ဒီတော့ နေရောင်ခြည်ဒဏ်ခံရတာနဲ့ ပတ်သက်ပြီး သင်ဘယ်လောက်သိသလဲ ဆန်းစစ် ကြည့်ကြရအောင်။ ၁။ ငယ်ငယ်တုန်းက အပြင်းအထန်နေလောင်တာမျိုးဖြစ်ခဲ့ဖူးရင် အရေပြားကင်ဆာဖြစ်နိုင်ခြေများတတ်လား။ (က) မှန် (ခ) မှား ၂။ အသားညိုမည်းသူတွေအနေနဲ့ နေလောင်တာတွေ အရေပြားကင်ဆာတွေ မဖြစ်နိုင်ပါဘူး။ (က) မှန် (ခ) မှား ၃။ နေရောင်တိုက်ရိုက်ထိနိုင်တဲ့နေရာတွေမှာသာ အရေပြားကင်ဆာဖြစ်နိုင်တာလား။ (က) ဟုတ်တယ် (ခ) မဟုတ်ဘူး ၄။ အသားညိုစိမ့်အောင်လိမ်းရတဲ့ Tan က အရေပြားကို နေရောင်ကနေကာကွယ်ပေးတယ်။ (က) မှန် (ခ) မှား ၅။ မိတ်ကပ်ရည်က အရေပြားကို နေရောင်ကနေ […]

ကယ်လ်စီယမ်ဓာတ်အကြောင်း သင်ဘယ်လောက်သိပါသလဲ

အရိုးအဆစ်သန်မာဖို့ ကယ်လ်စီ ယမ်ဓာတ်အရေးကြီးတာကို သိကြမှာပါ။ ကယ်လ်စီယမ်နဲ့ ပတ်သက်ပြီး ဘယ်လောက်သိသေးသလဲဆိုတာ ဒီ Quiz လေးဖြေပြီး ဆန်းစစ်ကြည့်ကြရအောင်။ ၁။ ကယ်လ်စီယမ်ကို ဟင်းသီးဟင်းရွက်တွေကနေရနိုင်လား။ (က) မှန် (ခ) မှား ၂။ ၀မ်းဗိုက်ထဲကရင်သွေးငယ်တွေက ကိုယ်ဝန်ဆောင်မိခင်တွေဆီက ကယ်လ်စီယမ်ဓာတ်တွေကို ယူသုံးလေ့ရှိလား။ (က) ရှိတယ် (ခ) မရှိဘူး ၃။ အစားအသောက်တွေကနေ ကယ်လ် စီယမ်လျှော့ချလိုက်ရင် ကျောက်ကပ် ကျောက်တည်တာတွေ မဖြစ်နိုင်တော့ဘူး။ (က) မှန် (ခ) မှား ၄။ ဘယ်အစားအသောက်ကနေ ကယ်လ်စီယမ်အများဆုံးရနိုင်လဲ။ (က) အဆီနည်းနို့ (ခ) ဒိန်ခဲ (ဂ) ဒိန်ချဉ် ၅။ ဘယ်အရွယ်တွေမှာ ကယ်လ်စီယမ် ဓာတ်အလိုအပ်ဆုံးလဲ။ (က) အသက် ၄ နှစ်ကနေ […]

ပင်ပန်းနွမ်းလျမှုအကြောင်း သင် ဘယ်လောက်သိပါသလဲ (၁)

ပင်ပန်းနွမ်းလျမှုနဲ့ပတ်သက်ပြီး ဗဟုသုတဘယ်လောက်ရှိလဲ လေ့လာကြည့်ကြရအောင်…။ ၁။ ဘယ်ဟာက ပင်ပန်းနွမ်းလျမှုအတွက် ကောင်းစေနိုင်သလဲ။ (က) မကြာခဏမှေးစက်တာ (ခ) မိနစ် ၃၀ လမ်းလျှောက်တာ (ဂ) ကော်ဖီသောက်တာ ၂။ ညအိပ်ချိန် ခြောက်နာရီပဲရှိနေတာလား။ ဆက်အိပ်မပျော်တဲ့တိုင်အောင် အိပ်ရာထဲ ဟိုလှိမ့်ဒီလှိမ့်နဲ့ ရှစ်နာရီပြည့်အောင် နေလိုက်ပါ။ (က) မှန် (ခ) မှား ၃။ ပင်ပန်းလွန်းလို့ အလုပ်ကနေ မကြာခဏခွင့်ယူရတယ်ဆိုရင် သင်ဘာလုပ်သင့်သလဲ။ (က) အလုပ်ပြန်တက်ဖို့ ကြိုးစားပါ (ခ) အိမ်မှာပဲနေပါ (ဂ) ပြဿနာတွေခေါင်းထဲက ထုတ်လိုက်ပါ ၄။ တစ်နေကုန်ပင်ပန်းနေပြီး အားလည်းမရှိဘူး။ ဒါပေမဲ့ ညကျတော့လည်း အိပ်မပျော် ပြန်ဘူး။ ဒီလိုအခြေအနေမျိုးမှာ ဘယ်ဟာက အကူအညီမပေးနိုင်ဘူးလဲ။ (က) ညတိုင်း အိပ်ရာဝင်ချိန်မှန်တာ (ခ) မနက်နောက်ကျတဲ့အထိ […]