ပျက်စီးသွားတဲ့ အသားအရေ အတွက် Body Scrub

နေလောင်ထားတဲ့ အသားအရေပြန်လည်ပြုပြင်ထိန်းသိမ်းဖို့ ပေါ်ပြူလာအဖြစ်ဆုံးက Body Scrub ပါ။ အသားအရေ နေလောင်ပြီး၊ အရောင်မညီဖြစ်သွားလို့ လုပ်ကြတာများပါတယ်။ ဒီနေ့ ခေတ်မှာ Skin Treatment မျိုးစုံ၊ Spa မျိုးစုံမှာ နိုင်ငံတကာကလာတဲ့ အမှတ် တံဆိပ်မျိုးစုံကို တွေ့ရပါတယ်။ သင်ရဲ့ အသားအရေနဲ့ ကြိုက်နှစ်သက်တဲ့ ရနံ့ပေါ်မူတည်ပြီး ရွေးချယ်စရာအမျိုးမျိုး ရှိပါတယ်။  Read more about ပျက်စီးသွားတဲ့ အသားအရေ အတွက် Body Scrub

နွေရာသီမှာ အားကစားလုပ်မယ်ဆိုရင် သိထားသင့်တဲ့ အချက် (၅) ချက်

နွေရာသီမှာ အားကစား ပြင်းပြင်းထန်ထန် မလုပ်ဖို့ သတိပေးစာတွေ သင်ကြားဖူးမှာပါ။ အဓိက ကတော့ အပူဒဏ်ကြောင့် ရေဓာတ်ပိုလိုအပ်နေတာကို သတိမထားမိဘဲ အားကစားကို အပြင်းအထန် စိတ်နှစ်ပြီး လုပ်မိတဲ့အခါ ရေဓာတ်ခန်းခြောက်တာတွေ အလွယ်တကူ ဖြစ်လာနိုင်လို့ပါ။

Read more about နွေရာသီမှာ အားကစားလုပ်မယ်ဆိုရင် သိထားသင့်တဲ့ အချက် (၅) ချက်

ရွှဲရွှဲစိုမယ့် သင်္ကြန်မှာ လည်လည် ထွက်မယ်ဆိုရင် . . .

သင်္ကြန်ရောက်တော့မယ်ဆိုရင် လူကြီးတွေရော၊ လူငယ်တွေရော ပျော်ကြတာ ထုံးစံပါ။ သင်္ကြန်မှာ အပြင်ကို ထွက်လည်မှ မဟုတ်ပါဘူး၊ တချို့က တရားစခန်းဝင်မယ်၊ တချို့က ခရီးထွက်ကြမယ်၊ လူငယ်တွေကလည်း လျှောက်လည်မယ်၊ တချို့ကျတော့လည်း အိမ်မှာပဲ အပြည့်အဝ အနားယူကြမယ်ဆိုပြီး ရည်ရွယ်ချက် ကိုယ်စီနဲ့ပေါ့။ ဒီဆောင်းပါး အတိုလေးမှာတော့ သင်္ကြန်မှာ အပြင်ထွက်လည်မယ့် လူငယ်တွေရော၊ လူကြီးတွေအတွက်ပါ သိထားသင့်တာလေးတွေ ရေးပေးလိုက်ပါတယ်။  Read more about ရွှဲရွှဲစိုမယ့် သင်္ကြန်မှာ လည်လည် ထွက်မယ်ဆိုရင် . . .

Sunscreen များ အကြောင်း သိကောင်းစရာ

Sunscreen တွေကို နည်းလမ်း မှန်မှန် လိမ်းရဲ့လား Sunscreen ဆိုတာက နွေရာသီ တစ်ခုတည်းအတွက်ပဲ လိုတာမဟုတ်ပါဘူး။ သူ့ကို ထုတ်လုပ်တဲ့ ရည်ရွယ်ချက်က နေရောင်ခြည်ကနေပါလာတဲ့ UV-Rays တွေကို ကာကွယ်ဖို့ ဖြစ်တာကြောင့် နေအလင်းရောင် ကျရောက်နေတဲ့ ဘယ်နေရာ၊ ဒေသကိုပဲ သွားသွား လိုအပ်တဲ့ ဒြပ်ပေါင်းတစ်မျိုး ဖြစ်ပါတယ်။ နေရောင်ခြည် ♥ နေရောင်ခြည်မှာ UVA, UVB, UVC ဆိုပြီး ရောင်ခြည်အလင်းတန်းတွေပါရှိပါတယ်။ ♥ UVA က လှိုင်းအလျား အရှည်ဆုံး (၃၂၀ – ၄၀ဝ nm) ဖြစ်ပြီး UVC က လှိုင်းအလျား အတိုဆုံး (၂၀ဝ – ၂၈၀ nm) ဖြစ်ပါတယ်။ ♥ လှိုင်းအလျားတိုလေ […]

သင်္ကြန်ရေနှင့် မိတ်ကပ် တွေ့လျှင်ဖြင့် . . .

ပျိုမေတို့ရေ . . . သင်္ကြန်အခါသ မယက မကြာခင်ရောက်လာတော့မှာဖြစ်ပါတယ်။ Makeup Junkies လေးတွေ ကလည်း ဘယ်လို Makeup Look တွေ လိမ်းခြယ်မလဲ ကြိုစဉ်းစားနေကြမှာပါ။ ရာသီဥတုကပူလို့ ချွေးထွက်ရင် အလှပျက်မှာစိုးရိမ်နေရတဲ့အပြင် သင်္ကြန်ရေနဲ့ပါ ပက်ဖျန်းခံရမှာကို ထည့်စဉ်းစားရမှာပါ။  Read more about သင်္ကြန်ရေနှင့် မိတ်ကပ် တွေ့လျှင်ဖြင့် . . .

သင်္ကြန်မှာ ဆံပင်အရောင်လေးနဲ့ လန်းမယ်ဆိုရင် –

♥ သင်္ကြန်မှာ ဆံပင်အရောင်ကာလာစုံတွေကို တွေ့ရများပါတယ်။ တစ်နှစ်တာလုံး ပိတုန်းရောင်ဆံကေသာနဲ့ တွေ့ရပြီး သင်္ကြန်ရောက်မှ ဝါ၊ စိမ်း၊ နီ၊ ပြာ ဆံပင်ရောင်စုံတွေ ဆိုးလာကြတတ်တာကို တွေ့ရပါတယ်။ ဆေးဆိုးထားတဲ့ ဆံကေသာကို သင်္ကြန်ရေနဲ့ နွေအပူလှိုင်းတွေရဲ့ ဒဏ်ကြောင့် ပျက်စီးတာ လျှော့နည်းစေဖို့ ရေးသားလိုက်ပါတယ်။ ဆံပင်အရောင်ဆိုးဖို့ ဆုံးဖြတ်ထားတယ် ဆိုရင် – ♥ ဆံကေသာအရောင်ဆိုးတာက ဘယ်လောက်တစ်ကြိမ် ဆိုးလို့ရလဲဆိုတော့ လူတစ်ယောက်စီအပေါ် မူတည်ပါတယ်။ ဆံပင်အရောင်ဆိုးတဲ့ အကြိမ်ရေကို လျှော့နိုင်သလောက် ကင်ဆာဖြစ်နိုင်ခြေကိုလည်း လျော့နည်းစေတယ်လို့ သုတေသီတွေကတော့ ဆိုထားပါတယ်။ ♥ နောက်ပြီး ဆံပင်အရောင်ဆိုးဆေးတွေက အလာဂျီဖြစ်တတ်တာကြောင့် မဆိုးခင် အရေပြားမှာ ဆိုးဆေးအနည်းငယ်တင်ပြီး Patch Test အရင် စစ်ကြည့်ပါ။ ♥ ဆံပင်ဆိုးဆေးတွေကို မျက်တောင် မွေး၊ မျက်ခုံးမွေးတွေမှာ မဆိုးဖို့ကို FDA က […]

အလုပ်တွေပိပြီး စိတ်ဖိစီးမှု မဖြစ်ရလေအောင်

အလုပ်တွေစုပုံပြီး အချိန်မလောက်ဖြစ်တဲ့အခိုက်အတန့်ကို လူအတော်များများ ဖြတ်ကျော်ဖူးမှာပါ။ အချိန်ရှိခိုက်လုံ့လစိုက်ဆိုတဲ့ ဆိုရိုးစကားလို အချိန်ရှိတုန်းမှာ ကြိုးပမ်းအားမထုတ်ခဲ့ဘဲ နောက်မှ နောင်တရတာတွေလည်း ရှိပါတယ်။ များပြားတဲ့ အလုပ်တွေကို အချိန်တစ်ခုအတွင်း ပြီးဖို့ရယ်၊ မှန်းထားတဲ့ ပန်းတိုင်ကိုလည်း အရောက်လှမ်းဖို့က မလွယ်ကူပါဘူး။ ဒီတစ်ပတ်မှာ ဖော်ပြပေးမယ့် အချက်နှစ်ချက်ကို ဖတ်ပြီးရင်တော့ အလုပ်တွေမပိစေတော့ဘဲ ဘယ်အလုပ်ဟာအရေးကြီးလို့ဦးစားပေးရမယ်၊ ဘယ်အလုပ်ကို နောက်ဆုံးပိတ်လုပ်မလဲဆိုတာ ခွဲခြားနိုင်ပြီး ရေရှည်မှာလည်း အသုံးတည့်မှာပါ။

Read more about အလုပ်တွေပိပြီး စိတ်ဖိစီးမှု မဖြစ်ရလေအောင်